မူဆယ်မြို့ သီတင်းကျွတ်ရက်မြတ်နေ့များတွင် မြို့ပေါ်ရပ်ကွက်၊ ဘုရားများ၌ ဆီမီးထွန်းခြင်းများပြုလုပ်

 

မူဆယ်   အောက်တိုဘာ   ၁၁


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်  မူဆယ်မြို့ တွင်   ဝါလကင်းလွတ်   သီတင်းကျွတ်ရက်မြတ်နေ့ များ၌ မြိုပေါ်ရပ်ကွက်များ၊ဘုရားများတွင်      အစဉ် အလာမပျက် ဆီမီးထွန်းညှိပူဇော်ခြင်းများ  ပြုလုပ် ခဲ့ကြသည်။

 


ရှေးဦးစွာ အောက်တိုဘာ ၈ ရက်နှင့် အောက် တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင်လည်း လွယ်တိန်ခမ်းတောင်ပေါ်ဘုရားတွင် ဘုရားဖူးပြည်သူ များက တာဝတိံသာနတ်ပြည်မှ ကြွဆင်းတော်မူလာ သော  ဂေါတမဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ဘုရားရင်ပြင်တော်တွင်        ဓမ္မစကြာတရားများ ရွတ်ဖတ်ပူဇော်ကြပြီး ဆီမီး ၁၀၀၀  ထွန်းညှိပူဇော် ခြင်း၊  ပန်းများ၊ ရေချမ်းများ ကပ်လှူပူဇော်ခြင်းဖြင့် စုပေါင်းကုသိုလ်ယူ   ဆောင်ရွက်ခဲ့ကြသည်။   ယင်း နောက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင်  မူဆယ်မြို့ပေါ်ရပ်ကွက်အတွင်းရှိ      ပြည်သူများက နေအိမ်များတွင်လည်းကောင်း၊ လမ်းများပေါ်တွင် လည်းကောင်း၊ တောင်ပေါ်ဘုရား စေတီပုထိုးများတွင် လည်းကောင်း  ဆီမီးများထွန်းညှိ ပူဇော်ကြသည်။  ကျောင်းသား ကျောင်းသူများကလည်း သီတင်းကျွတ် ပိတ်ရက်များတွင်လည်း   မြန်မာ့ရိုးရာ   ဓလေ့ထုံးစံ နှင့်အညီ လူကြီးမိဘများကို ကန်တော့ခြင်းများဖြင့် မူဆယ်မြို့ထဲတွင် စည်ကားလျက်ရှိကြောင်း တွေ့ရှိ ရသည်။


ချယ်ရီမြေ(မူဆယ်)