မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

မူဆယ်   ဩဂုတ်    ၁၁


ရှမ်းပြည်နယ်မြောက်ပိုင်း  မူဆယ်ခရိုင်အတွင်းရှိ   မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မုံးကိုး၊ တာမိုးညဲ၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်) မြို့များရှိ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီး များနှင့် ပြည်သူစုစုပေါင်း ၁၉၀၂ ဦးကို ယမန်နေ့အထိ  ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်နေရာများ၌ ထိုးနှံပေးခြင်းများ ဆောင်ရွက်သည်။ 
မူဆယ်ခရိုင်လုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ခွဲဝေရရှိမှုမှာ ၁၉၉၅ လုံးရှိသဖြင့် အများပြည်သူများကို ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်သည်။
ယင်းသို့ဆေးထိုးနှံပေးနေမှုကို မူဆယ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ   ဗိုလ်မှူးကြီး ဇေယျာလင်းနှင့်  တာဝန်ရှိသူများက   သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။


အယ်လ်စိုး(မူဆယ်)