
မူဆယ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်ထောင်စု အားကစားကွင်းအတွင်းရှိ အလေးမအားကစားခန်းမအတွင်း ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ လူရွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပ သည်။
ပြိုင်ပွဲမကျင်းပမီ မူဆယ်ခရိုင် အားကစား နှင့် ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်လှိုင်က ပြိုင်ပွဲဝင်မည့်သူများကို အမှတ်ပေး စည်းမျဉ်း နှင့် စည်းကမ်းချက်များကို ကြေညာခဲ့ပြီး လူရွေးပြိုင်ပွဲကို ကျင်းပသည်။
ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ လူရွေးပွဲတွင် မူဆယ်မြို့ နယ်မှ ခြောက်ဦး၊ နမ့်ခမ်းမြို့နယ်မှ ခြောက်ဦး တို့က သတ်မှတ်ထားသည့် ကိုယ်ကာယကြံ့ခိုင် မှု အခြေခံလေ့ကျင့်ခန်း(၄၆)ကွက်နှင့် အဆင့် မြင့်အကွက် ၃၀ များဖြင့် ပြိုင်ပွဲဝင်ခဲ့ကြ သည်။
အဆိုပါလူရွေးပွဲတွင် ဒိုင်အဖြစ် မူဆယ် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးလုပ်ငန်း သင်တန်းကျောင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့မှ တာဝန်ရှိသူများက ရွေးချယ်ခဲ့ကြပြီး မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက တက်ရောက်အားပေးကြကြောင်းနှင့် ပြိုင်ပွဲ ဝင်သူများထဲမှ အကောင်းဆုံးပြိုင်ပွဲဝင်များ ဖြစ်သော မူဆယ်မြို့နယ်မှ သုံးဦး၊ နမ့်ခမ်း မြို့နယ်မှ သုံးဦးအား ရွေးချယ်ခဲ့ပြီး ရှမ်း ပြည်နယ် တောင်ကြီးမြို့၌ ကျင်းပမည့် ပြည်နယ်အဆင့် ပြိုင်ပွဲသို့ ဆက်လက်စေလွှတ် ယှဉ်ပြိုင်သွားစေမည်ဖြစ်ကြောင်း သိရ သည်။
အယ်လ်စိုး(မူဆယ်)