မူဆယ်(၁၀၅)မိုင်တွင် အဋ္ဌမအကြိမ်မြောက်၂၀၂၂ခုနှစ်မိုးရာသီကျေးရွာပေါင်းစုံ တအာင်းအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကျင်းပ

 

မူဆယ်    ဇူလိုင်   ၃၀


ရှမ်းပြည်နယ်    (မြောက်ပိုင်း)မူဆယ်မြို့နယ်   မိုင်းယု(၁၀၅)မိုင်တွင်  အဋ္ဌမ  အကြိမ်မြောက် ၂၀၂၂  ခုနှစ်    မိုးရာသီကျေးရွာ ပေါင်းစုံ    တအောင်းအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ဇူလိူင်လနောက်ဆုံးပတ်၌  ကျင်းပ သည်။

 


မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စုတွင်  ကျေးရွာ ပေါင်း   ကိုးရွာရှိပြီး   ၂၀၂၂  ခုနှစ် အဋ္ဌမအကြိမ်မြောက်    မိုးရာသီ တ‌အောင်းအမျိုးသား  (အလွတ် တန်း) ဘောလုံးပြိုင်ပွဲကို  မိုင်းယု ကျေးရွာမှ  နှစ်သင်း၊   အောက်နမ့် ဟွယ်ကျေးရွာမှ  တစ်သင်း၊  လုံခန် ကျေးရွာမှ    တစ်သင်း၊  မန်မော် ကျေးရွာမှ တစ်သင်း၊ အထက်နမ့် ဟွယ်     ကျေးရွာမှ  တစ်သင်း၊ စုစုပေါင်း   ခြောက်သင်းယှဉ်ပြိုင် ကစားကြောင်းနှင့်     ပြိုင်ပွဲကို ဒေသအတွင်းရှိ    တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊   မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့်    ကျေးရွာသူ ကျေးရွာသားများ    လာရောက် ကြည့်ရှုအားပေးသည်။

 


အဆိုပါ  မိုးရာသီတအောင်း အမျိုးသား      (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင်  (၁၀၅)မိုင် ကြက်ခြေနီအသင်းမှ တပ်ခွဲမှူး ဦးသန့်ဇင်ဦးဆောင်သည့်  ကြက် ခြေနီ  စေတနာ့လုပ်အားရှင်များ မှ အားကစားသမားများအတွက် ကျန်းမာရေး ကူညီစောင့်ရှောက် ပေးခြင်းနှင့် ဘောလုံးပွဲလာရောက် ကြည့်ရှု    အားပေးကြသူများက နှာခေါင်းစည်းများ   အခမဲ့ဖြန့်ဝေ ပေးခြင်း၊       ရေမလိုလက်သန့် စင်ဆေးဖြင့်  လက်ဆေးပေးခြင်း စသည်ဖြင့် ကိုဗစ်ရောဂါ ကာကွယ် ရေးလုပ်ငန်းများကိုလည်း  ဆက် လက်လုပ်ကိုင်   ဆောင်ရွက်နေ ကြောင်းနှင့်   ဘောလုံးပြိုင်ပွဲကို သြဂုတ်လအထိ   ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။        
သန့်ဇင်(မူဆယ်)