
မူဆယ် မတ် ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေး ကုန်သည်များ အသင်းခန်းမ၌ မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေး ကုန်သည်များအသင်း (၂၆)ကြိမ် မြောက် နှစ်ပတ်လည် အသင်း သားစုံညီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ သည်။
ရှေးဦးစွာ မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေး ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးစိုင်းနွံ့က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် ပို့ဆောင်ရေးများကို ကိုဗစ်-၁၉ ကြောင့် ပိတ်ထားခဲ့ရသဖြင့် ကုန်သွယ်ရေးများ ခက်ခဲကြန့် ကြာမှုရှိနေကြောင်း၊ နယ်စပ် ကုန်သွယ်ရေးများ ဖြည့်ဆည်း ပေးရမည်များရှိခဲ့သော် အချိန် မရွေး ချိတ်ဆက်ဆက်သွယ်နိုင် ကြောင်း ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ အထွေထွေ အတွင်းရေးမှူး ဦးသန်းထိုက်က မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေး ကုန်သည်များအသင်း အလုပ်အမှု ဆောင်အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းကို ၁၉၉၀ ပြည့်နှစ်မှစ၍ ဖွဲ့စည်း တည်ထောင်ခဲ့ကြောင်း၊ နယ်စပ် ဒေသ စီးပွားရေး/ကုန်သွယ်မှု လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ အသင်းသား များ၏ ရည်ရွယ်ချက်များနှင့် အသင်းအတွက် နာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အမှု ဆောင်အဖွဲ့အသစ် ဖွဲ့စည်းမှုကို အတည်ပြုကြောင်း ပြောကြား သည်။
အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့် ကူသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလွင်၊ ဒေါက်တာ ထိန်လင်း၊ မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းတွင် အသင်းဝင် စုစုပေါင်း ၇၈၇၁ ဦး ရှိကြောင်း သိရ သည်။
ဇင်မောင်(မူဆယ်)