
မူဆယ် သြဂုတ် ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်ခရိုင် မူဆယ်မြို့ (ကြေးမုံ စိမ်းမိသားစုကုမ္ပဏီ) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျက် ရှိသော ကုန်သွယ်ရေးဦးစီးဌာနနှင့် မူဆယ်မြို့နယ်အတွင်းရှိ ကြက်ခြေ နီအသင်း၊ လူမှုရေးအသင်းအဖွဲ့ များ၊ မန်တုံဆေးရုံ၊ နမ္မတူဆေးရုံ၊ နမ့်အွန်ကျေးရွာ ဆေးပေးခန်း၊ ယာဉ်ယန္တရား တင်သွင်းသူများ အသင်း၊ လူသားချင်း စာနာ ထောက်ထားမူ အကူအညီပေးရေး ကွန်ရက်နှင့် (၁၀၅) မိုင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ လီတာ ၄၀ အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများကို (၁၀၅) မိုင်နယ်မြေ အတွင်းရှိ ဘုန်းကြီးကျောင်း လေးကျောင်းနှင့် သီလရှင်ကျောင်း များသို့ ဆန်အိတ်များ ထောက်ပံ့ လှူဒါန်းပွဲ ကျင်းပသည်။
အဆိုပါ ထောက်ပံ့လှူဒါန်း ပွဲကို မူဆယ်မြို့နယ် မိုင်းယု ( ၁၀၅) မိုင် ကုန်သွယ်ရေးဇုန် နယ်မြေအတွင်းရှိ ပဲ၊ ပြောင်း၊ နှမ်း နှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင် အစည်းအဝေးခန်းမ ဆောင်၌ သြဂုတ် ၂၀ ရက်က ကျင်းပရာ တက်ရောက်လာသည့် အဖွဲ့အစည်းများကို ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဒေါ်ရန်ကြူဟွမ် (ကြေးမုံစိမ်း မိသားစုကုမ္ပဏီ) ကိုယ်စားကုမ္ပဏီ မှ တာဝန်ရှိသူ ကိုကျော်နိုင်ဦးက ဆန်အိတ် ၂၈ အိတ်၊ လီတာ ၄၀ အောက်ဆီဂျင်အိုး ၁၅ လုံး၊ နှာခေါင်းစည်း ၃၀၀၀ နှင့် ကျန်းမာ ရေး ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၇၀ ခန့် လှူဒါန်း ကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)