မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်နိုင်

 

နေပြည်တော်   ဇွန်   ၈
ယနေ့နံနက်  ၉  နာရီခွဲ တိုင်းထွာချက်များအရ ယနေ့နံနက်မှ ဇွန် ၁၃ ရက်အတွင်း  ကပ္ပလီပင်လယ်ပြင်၊  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေအားကောင်း ရာမှ အားအလွန်ကောင်းနေခြင်းကြောင့်  
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့်  မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး   အချို့နေရာများတွင်   ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင်  ရံဖန်ရံခါ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။   မိုးသက်လေပြင်းကျစဉ်   ရေပြင်/မြေပြင် လေသည်   တစ်နာရီလျှင်   မိုင်   ၄၀  အထိ  တိုက်ခတ်နိုင် သည်။   လှိုင်းအမြင့်မှာ   မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့်    ကမ်းလွန်ပင်လယ်ပြင်တို့တွင်   ၉   ပေမှ  ၁၂  ပေခန့် ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍   မုတ်သုံလေအားကောင်းရာမှ   အားအလွန် ကောင်းနေခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြို ခြင်း    စသည့်သဘာဝဘေးအန္တရာယ်များ     ဖြစ်ပေါ်နိုင်ပါ သဖြင့်   ကုန်းမြင့်ဒေသအနီးတွင်  နေထိုင်ကြသူများအနေဖြင့်   မြေပြိုမှုအန္တရာယ်နှင့်   မြစ်ငယ်၊   ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊  ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ပါရန်နှင့်   ပြည်တွင်းလေကြောင်း  ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်  တို့ရှိ   ကမ်းနီး၊  ကမ်းဝေးငါးဖမ်းရေယာဉ်များ၊   သင်္ဘောများ အနေဖြင့်လည်း  ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။
မိုး/ဇလ