“MUSIC GALLERY - 3” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇွန်   ၈


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန် နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Show ဆန်းသစ်တင်ဆက်မှု “MUSIC GALLERY - 3” တေးဂီတ ဖျော်ဖြေပွဲ ကို  ဇွန်  ၁၀ ရက်  (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့် ပြသမည်ဖြစ်သည်။ 

 


ယင်းအစီအစဉ်တွင်     တေးသံရှင်များ ဖြစ်ကြသည့် ရသ၊ ဝေလျှံ၊ ဆိုတေး၊ သာထူးဇော်၊ Sparrow ၊ ဂျင်းနီ၊ သဉ္ဇာမြင့်မိုရ်၊ ငြိမ်းချမ်း၊ အုန်းသီးနှင့်    ကျော်ထက်တို့က   ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။ 

 


ထိုသို့   တင်ဆက်မှုကို   ဇွန်  ၁၂  ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယ အကြိမ်        ထပ်မံထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။ 


သတင်းစဉ်