မုန်တိုင်းဝင်ရောက်မှုကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့သည့်အပေါ် တရုတ်သမ္မတက   ဖိလစ်ပိုင်သမ္မတထံ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့

 

 

ပေကျင်း   ဧပြီ  ၁၈ 
အင်အားပြင်း    တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်      တိုက်ခိုက်ခဲ့သည့် အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ခံစား ခဲ့ရသော    ဘေးဒုက္ခများအပေါ်     စာနာ       ထောက်ထားကြောင်း   ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး   ထံ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီ  ၁၇  ရက်တွင်  သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။ 
သဝဏ်လွှာတွင် ရှီက ဖိလစ်ပိုင် နိုင်ငံကို သေဆုံးမှု အများအပြား ဖြစ်ပွားစေပြီး အိုးအိမ်စည်းစိမ် များ   ပျက်စီးစေခဲ့သည့်  တိုင်ဖွန်း ဝင်ရောက်      တိုက်ခိုက်ခဲ့သည့် အတွက် အံ့သြတုန်လှုပ်မိကြောင်း၊   တရုတ်အစိုးရနှင့်    ပြည်သူများ  ကိုယ်စား တိုင်ဖွန်းမုန်တိုင်းကြောင့် အသက်သေဆုံးခဲ့သူများအတွက် မိမိက အလွန်အမင်းဝမ်းနည်းမှုကို  ဖော်ပြလိုကြောင်း၊     ကျန်ရစ်သူ မိသားစုများနှင့် ဒဏ်ရာရရှိသူများ အတွက်  ထပ်တူဝမ်းနည်းကြေကွဲ ရကြောင်း ဖော်ပြပါရှိသည်။ 
ဖိလစ်ပိုင်နိုင်ငံကို       ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက   အဆင်သင့်ရှိပါ ကြောင်း  ရှီက   ပြောကြားလိုက် သည်။ 
ဖိလစ်ပိုင်သမ္မတ ဒူတာတေး နှင့် ဖိလစ်ပိုင်အစိုးရ၏ ဦးဆောင် မှုအောက်တွင်    မုန်တိုင်းဒဏ်ခံ ဒေသရှိ ပြည်သူများသည် ကြုံတွေ့ နေသော သဘာဝဘေးအန္တရာယ် များကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး  ၎င်းတို့၏ အိုးအိမ်များကို ပြန်လည် တည်ဆောက်နိုင်မည်ဟု ယုံကြည် ကြောင်း   ရှီက   ပြောကြားလိုက် သည်။          
              ဆင်ဟွာ