မုန်တိုင်းသင့်ပြည်သူများအား စားသောက်ဖွယ်ရာများထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 

စစ်တွေ   ဇွန်  ၁၀
စစ်တွေမြို့၌    ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့်     ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊   ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့သည် ယနေ့နံနက်ပိုင်းတွင် မိုခါ မုန်တိုင်းဒဏ်ကြောင့်   ထိခိုက် ပျက်စီးခဲ့သော စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာ  ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့်    စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ   အထူးကု ဆရာဝန်ကြီးများ       မြေပြင် ကွင်းဆင်း၍ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေး ကြသည်။  
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်   အဖွဲ့သည် စစ်တွေမြို့       ဘောလုံးကွင်း ရပ်ကွက်ရှိ  ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   ဝန်ထမ်း အိမ်ရာနှင့် ပြည်တော်သာရပ်ကွက် ရှိ   ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းအိမ်ရာတို့သို့ ရောက် ရှိကြပြီး  အိမ်ရာများ  ပြန်လည် ပြုပြင်ပြီးစီးမှုအခြေအနေ၊ ဝန်ထမ်း မိသားစုများ၏ပညာရေး၊ ကျန်းမာ ရေးနှင့်    နေထိုင်စားသောက်မှု အခြေအနေတို့ကို   မေးမြန်းကာ ဝန်ထမ်းများအား     ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက် ဖွယ်ရာများ     ချီးမြှင့်ပေးအပ် သည်။
ထို့နောက်    ပြည်တော်သာ ရပ်ကွက်ရှိ       ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး   ဦးစီး ဌာန  ဝန်ထမ်းအိမ်ရာနှင့်    မင်းဂံ ရပ်ကွက်ရှိ        နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ     ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန   ဝန်ထမ်း အိမ်ရာတို့သို့     သွားရောက်၍ ဝန်ထမ်းအိမ်ရာများ   ပြန်လည် ပြုပြင်ပြီးစီးမှု    အခြေအနေကို  ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ အား ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများ    ချီးမြှင့် ပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ၍အားပေးစကား ပြောကြားသည်။ 
ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့်   အဖွဲ့ သည် စစ်တွေမြို့နယ် သင်ပုန်းတန်း ကျေးရွာ   သင်ပုန်းတန်းကျောင်း တိုက်သို့ရောက်ရှိကြပြီး စစ်တွေ မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများနှင့် ခုတင်(၅၀) ဆံ့ စစ်တွေတိုင်းရင်းဆေးရုံမှ သမား တော်ကြီးများ မြေပြင်ကွင်းဆင်း ၍  ပြည်သူလူထုအား   ကျန်းမာ ရေး     စောင့်ရှောက်မှုလုပ်ငန်း များ         ဆောင်ရွက်ပေးနေမှု  နှင့်      ကျန်းမာရေး    အသိပညာပေးနေမှုတို့ကို ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍     ကျန်းမာရေး စောင့်ရှောက်မှု   လာရောက်ခံယူ ကြသည့်လူနာများ၏ ကျန်းမာရေး အခြေအနေများကို  မေးမြန်းပြီး အားပေးစကား     ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ် သည်။ 
အဆိုပါ ကျန်းမာရေးစောင့် ရှောက်မှု   ပေးနေသည့်အဖွဲ့တွင် စစ်တွေမြို့   ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး၊ မျက်စိ၊ သွားနှင့် ခံတွင်း၊ အရိုး၊ အရေပြား၊ သားဖွား မီးယပ်၊ ကလေးနှင့် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊       စစ်တွေ တိုင်းရင်းဆေးရုံမှ သမားတော်ကြီး များနှင့်အတူ ကျန်းမာရေးဝန်ကြီး ဌာနမှ Medical Team တို့ပူးပေါင်း ပါဝင်၍  စစ်တွေမြို့ရှိ    ဒေသခံ ပြည်သူများအား နယ်မြေကွင်းဆင်း ၍  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ    ဆောင်ရွက်ပေး လျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်   အဖွဲ့သည် ရခိုင်ပြည်နယ်   အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်       သဘာဝဘေး ပြန်လည်ထူထောင်ရေး   ဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း    အစည်း အဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီအလိုက်   တာဝန်ရှိသူ များက      သဘာဝဘေးပြန်လည် ထူထောင်ရေး    လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီး မှုနှင့်   ဆက်လက်ဆောင်ရွက်  သွားမည့်       လုပ်ငန်းအစီအမံများ ကို        ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်   ဦးမျိုးသန့်၊    ဒေါက်တာ သက်သက်ခိုင်၊    ရခိုင်ပြည်နယ် ဝန်ကြီးချုပ်    ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီးများက    ကူညီ ထောက်ပံ့မှုများကို ဘေးသင့်ဒေသ များနှင့်  ပြည်သူများ   ညီညွတ် မျှတစွာရရှိအောင်     ထိန်းညှိ ဆောင်ရွက်သွားရေး၊   ပြည်တွင်း ပြည်ပမှ   လှူဒါန်းမှုများ၊   ကူညီ ထောက်ပံ့မှုများနှင့်   ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊     လုပ်ထုံး လုပ်နည်း၊ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်သွားရေးကိစ္စရပ် များနှင့်  စပ်လျဉ်း၍    ဖြည့်စွက် ဆွေးနွေးကြသည်။ 
တင်ပြ   ဆွေးနွေးမှုများနှင့် စပ်လျဉ်းပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က   သာသနိက အဆောက်အဦများ    အမြန်ဆုံး ပြုပြင်ဆောင်ရွက်နိုင်ရေး ဆောက် လုပ်ရေးပစ္စည်းများနှင့်   လိုအပ် သည့်သစ်များ ရရှိစေရေးအတွက် ဦးစားပေး စီမံဆောင်ရွက်ပေးရန်၊ အသစ်ပြန်လည်   တည်ဆောက်  ရန်  လိုအပ်သောကျောင်းများမှ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံစသည့် ယာယီနေရာများတွင်    ပညာ သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများအား ယာယီစာသင် ဆောင်များဖြင့် စာသင်ကြားနိုင် ရေးစီမံဆောင်ရွက်ပေးရန်၊ စစ်တွေ မြို့ပေါ်တွင် စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုများ မရှိစေရေးနှင့်စနစ် တကျ အမှိုက်စွန့်ပစ်သည့်အလေ့ အကျင့်ကောင်းများ ဖြစ်ထွန်းစေ ရေး ပညာပေးဆောင်ရွက်သွားရန် ဖြည့်စွက်ဆွေးနွေး   မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း   ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
ညနေပိုင်းတွင် စက်မှုဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက မုန်တိုင်း  ဒဏ်သင့်ဒေသများရှိ ပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်    အသုံးပြုရန် စက်မှုဝန်ကြီးဌာန ဆေးဝါးစက်ရုံ (အင်းစိန်)မှ ထုတ်လုပ်သည့်ဆေးဝါး များကို   လာရောက်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က လက်ခံရယူပြီး  (အောက်ပုံ) ကျေးဇူးတင်စကား  ပြန်လည်ပြော ကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အမြန်ပြန်လည် ရရှိစေရေးအတွက် မေ ၁၈ ရက်မှ စတင်၍လူအင်အား၊ စက်ယန္တရား အင်အားများစုဖွဲ့ပြီး    အင်တိုက် အားတိုက်ဆောင်ရွက်ခဲ့ရာ ၂၃၀ ကေဗွီ အမ်း - မြောက်ဦး - ပုဏ္ဏား ကျွန်း   ဓာတ်အားလိုင်းနှင့်   ၆၆ ကေဗွီ ပုဏ္ဏားကျွန်း - စစ်တွေ ဓာတ်အားလိုင်းတို့ကို ဇွန် ၇ ရက် တွင်   ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် စစ်တွေ မြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့၌ မေ ၇ ရက်  ညပိုင်းမှစတင်၍ လျှပ်စစ် ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေး နိုင်ခဲ့ပြီဖြစ်သည်။  ဆောင်ရွက်ရန် ကျန်ရှိသည့် ၆၆ ကေဗွီ ပုဏ္ဏား ကျွန်း - ကျောက်တော်၊ ပုဏ္ဏား ကျွန်း - မြောက်ဦး၊ ပုဏ္ဏားကျွန်း- ရသေ့တောင်၊   ရသေ့တောင် - ဘူးသီးတောင်   ဓာတ်အားလိုင်း ပြင်ဆင်ရေး    လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ဇွန်လ စတုတ္ထပတ်နှင့် ဇူလိုင်လ ပထမပတ်တို့တွင်  ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်၍ မြို့နယ်အားလုံး သို့ လျှပ်စစ်ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။                သတင်းစဉ်