မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ

 

နေပြည်တော် ဒီဇင်ဘာ  ၂၂
ယနေ့ ညနေ ၅ နာရီ တိုင်းထွာချက်များ အရ  ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင်           ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်  မြောက်-အနောက် မြောက်ဘက်သို့              ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ           ကိုကိုးကျွန်းမြို့၏  အနောက်    -    အနောက်တောင်ဘက် ရေမိုင် ၅၈၀ ခန့်၊  ဟိုင်းကြီးကျွန်းမြို့၏ အနောက် - အနောက်တောင်ဘက် ရေမိုင်  ၆၈၅  မိုင်ခန့်၊    သီရိလင်္ကာနိုင်ငံ ထရီကိုမာလီမြို့၏       အရှေ့-အရှေ့ မြောက်ဘက်  ရေမိုင် ၂၁၀ ခန့်၊ အိန္ဒိယ နိုင်ငံ၊  နာဂါပတ္တနမ်မြို့၏ အရှေ့-အရှေ့ တောင်ဘက်   ရေမိုင်   ၂၈၅ မိုင်ခန့်နှင့်  ချင်းနိုင်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်  ၃၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်၏  လက်ရှိအခြေအနေ မှာ    မြန်မာနိုင်ငံဘက်သို့     ဦးတည် ရွေ့လျားမည့်    အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အဆိုပါ   မုန်တိုင်းငယ်သည်   ညနေ ၅ နာရီခွဲတွင် မြောက် လတ္တီကျု  ၉.၇ ဒီဂရီနှင့်  အရှေ့လောင်ဂျီကျု  ၈၄.၆ ဒီဂရီတွင်ရှိပြီး၊    ဗဟိုချက်   လေဖိအား  ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင် ၃၀ မှ  ၃၅မိုင်နှုန်းခန့် ဖြစ်သည်။
အဆိုပါ  မုန်တိုင်းငယ်သည် နောက်  ၂၄ နာရီအတွင်း မြောက်- အနောက် မြောက်ဘက်သို့    ဆက်လက်ရွေ့လျားနိုင်ပြီး  ထိုမှတစ်ဆင့် အနောက်-အနောက်တောင်ဘက်သို့ ပြန်ကွေ့ကာ  ၂၅.၁၂.၂၀၂၂ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံကမ်းရိုးတန်းကိုဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု ခန့်မှန်းရသည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့်  ယနေ့ညမှ နောက် ၇၂ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊  ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊  ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်    ကမ်းလွန်ပင်လယ်ပြင် တို့တွင်   တစ်ခါတစ်ရံ   မိုးသက်လေပြင်းများ   ကျရောက်ပြီး လှိုင်း အသင့်အတင့်မှ  လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ  ၃၅ မိုင်အထိတိုက်ခတ်နိုင် သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေခန့် ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့်  မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့်  ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ   ကမ်းနီး၊  ကမ်းဝေးငါးဖမ်းရေယာဉ်များ၊  သင်္ဘောများ အနေဖြင့်လည်း   ကြိုတင်သတိပြုနိုင်ပါရန်   အသိပေးနှိုးဆော်အပ် ပါသည်။
မိုး/ဇလ