မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ မုန်တိုင်းအရှိန်ကြောင့် နေရာအချို့တွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

 

ရန်ကုန်    ဩဂုတ်    ၉


ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက် များအရ       ဘင်္ဂလားပင်လယ်အော်  အနောက်မြောက်ပိုင်းနှင့်     ယင်းနှင့်   ဆက်စပ်လျက်ရှိသော   အိန္ဒိယနိုင်ငံ၊       ဩရိဿပြည်နယ်ကမ်းခြေ-အင်ဒရာ ပရာဒေ့ရှ်     မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော်    အနောက်       အလယ်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသည့်    အားကောင်းသော    လေဖိအားနည်း               ရပ်ဝန်းသည်     အနောက်- အနောက် မြောက်ဘက်သို့    ရွေ့လျားခဲ့ပြီး၊   ပိုမို အားကောင်းလာကာ    အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေတွင် မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။  


မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါသဖြင့်    အဝါရောင်အဆင့်ဟု     သတ်မှတ် ပါသည်။

 


အဆိုပါ   မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၂ နာရီခွဲတွင် မြောက်လတ္တီကျု ၂၀ ဒသမ ၈ ဒီဂရီ နှင့်  အရှေ့လောင်ဂျီကျု ၈၅ ဒသမ ၆ ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ် နှင့်    အမြင့်ဆုံးလေတိုက်နှုန်းမှာ  တစ်နာရီလျှင် ၃၂ မိုင်နှုန်းခန့်ဖြစ်သည်။

 


အဆိုပါ    မုန်တိုင်းငယ်သည်       အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊  ချက်တစ်ဂတ်ပြည်နယ်တွင် ဩဂုတ် ၁၀ ရက်၌ လေဖိအားနည်းရပ်ဝန်းသို့ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရသည်။ 

 


အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ မွန်းလွဲမှ ဩဂုတ် ၁၀ ရက်အတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊   ရခိုင်ပြည်နယ်၊    ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင်  နေရာ စိပ်စိပ်မှ   နေရာအနှံ့အပြား    မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍  မိုးကြီး ခြင်းများနှင့်အတူ    လေပြင်းတိုက်ခတ်ခြင်းများ   ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင်  ရံဖန်ရံခါ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်  မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ      ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။   လှိုင်းအမြင့်မှာ  မြစ်ဝကျွန်းပေါ်၊  ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၃ ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီ    ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့် ရှိနိုင်သည်။

 


သို့ဖြစ်ပါ၍     မုန်တိုင်းငယ်၏   အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်သဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ  ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း       ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။


မိုး/ဇလ