
စစ်တွေ ဇွန် ၈
(၃၂) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသော ရခိုင် ပြည်နယ်ဂုဏ်ဆောင် အားကစား သမားများအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ ရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက် ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြ သော ရခိုင်ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများ တက် ရောက်ကြသည်။
ရှင်းလင်းတင်ပြ
အခမ်းအနားတွင် (၃၂) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် များ ရရှိခဲ့ကြသော ရခိုင်ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများ က တစ်ဦးချင်းမိတ်ဆက်ပြီး ပြိုင်ပွဲ အတွေ့အကြုံများကို ရှင်းလင်း တင်ပြကြသည်။
ဂုဏ်ပြုလက်မှတ်များ ပေးအပ်
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပိုက်ကျော် ခြင်း ပြိုင်ပွဲ (Double Team) တွင် ငွေတံဆိပ်ဆုရရှိခဲ့သော ဦးအောင် မျိုးဆွေနှင့် ဦးအောင်မျိုးနိုင် တို့ကို လည်းကောင်း၊ ပြည် ထောင်စုဝန်ကြီး ဦးမျိုးသန့်က အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မနော် ထက်ထက်ဝေ ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က 70 Kg ဂျူဒို ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ သော မဖြိုးဆွေဇင်ကျော် ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းက 52 Kg ဂျူဒို ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့ သော မခင်ခင်စု ကိုလည်းကောင်း ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ငွေ နှင့် ဂုဏ်ပြု လက်မှတ်များ ပေးအပ်သည်။
ပေးအပ်လှူဒါန်း
ယင်းနောက် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုရရှိခဲ့သော မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများနှင့် နည်းပြ များက မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ် သိန်း ၂၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံ ရယူသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် ပြည် ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများသည် ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မုန်တိုင်းဒဏ် သင့်မြို့နယ်များ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည့် တပ်မတော် အရာရှိကြီးများပါဝင်သော ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်သည်။
အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မုန်တိုင်းဒဏ်ကြောင့် မြို့နယ် အလိုက် ပျက်စီးဆုံးရှုံးမှုနှင့် ခန့်မှန်း တန်ဖိုးတွက်ချက်မှု စာရင်းဇယား များကို အတည်ပြုနိုင်ရန် ယခု အစည်းအဝေးတွင် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်း များအား နိုင်ငံတော်မှ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ပို့ဆောင်ပေး လျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ မြို့နယ်အလိုက် ဖြန့်ခွဲပေးလျက်ရှိ ကြောင်း၊ ပြည်သူလူထု လက်ဝယ် အရောက်ဖြန့်ဖြူးရာတွင် ထိရောက် သည့် ဖြန့်ဖြူးမှုဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အမှန်တကယ် လိုအပ် သူများထံ အပြည့်အဝ ရောက်ရှိ စေရေးအတွက် အုပ်စုများ ခွဲခြား သတ်မှတ်၍ ထိရောက်စွာ ထောက်ပံ့ရန် စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယခုအစည်း အဝေးတွင် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လက်ရှိ အချိန်အထိ ဆောင်ရွက်ပြီးစီးမှု နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေး စေလိုကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့် စစ်တွေမြို့နယ် များ၌ အနီးကပ်ကြီးကြပ်ဆောင် ရွက်နေကြသည့် တပ်မတော် အရာရှိကြီးများက လုပ်ငန်းဆောင် ရွက်မှု အခြေအနေများနှင့် လိုအပ် ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ ကော်မတီအလိုက် တာဝန်ရှိသူ များက လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းက ခွဲဝေပေးအပ် ထားသည့် သဘာဝဘေး ရန်ပုံငွေ များကို အကျိုးရှိစွာ သုံးစွဲရေး၊ အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေး လုပ်ငန်းများ၏ ထိခိုက်ပျက်စီးမှုစာရင်းကို သီးခြား ပြုစုပေးပို့ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်း များအား လူထုလက်ဝယ် အရောက် ဖြန့်ဝေမှုမှတ်တမ်းများ ပြုစုထားရှိရေးတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်က တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ပေါင်းစပ်ညှိနှိုင်းပေး
ညနေပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည် ထူထောင်ရေးဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ပြီး တင်ပြ ချက်များနှင့် လုပ်ငန်းလိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မိုခါမုန်တိုင်းအလွန် ရခိုင် ပြည်နယ်အတွင်းရှိ ပြည်သူလူထု အား လက်ရှိဆေးရုံများအပြင် အထူးကု ဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေး ဆေးအဖွဲ့ များ စေလွှတ်၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ မေ ၁၆ ရက်မှ ဇွန် ၈ ရက်အထိ ပြည်သူ့ဆေးရုံကြီး များ၌ ပြင်ပလူနာ ၁၃၈၈၁ ဦး၊ အတွင်းလူနာ ၂၆၈၅၀ ဦးနှင့် ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲများတွင် ပြသသည့်လူနာ ၆၈၇၅၀ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး အရေးပေါ် တုံ့ပြန်ရေး ဆေးအဖွဲ့များအနေဖြင့် ရေသန့်ဆေးခတ်ခြင်း ၄၅၇၂ ကြိမ် နှင့် ကျန်းမာရေး ပညာပေးခြင်း ၇၉၉၆ ကြိမ်တို့ကို ဆောင်ရွက်ပေး ခဲ့သည်။ အထူးကုဆေးအဖွဲ့များ အနေဖြင့် ကွင်းဆင်းကုသပေးခဲ့ သည့် လူနာဦးရေမှာ ရသေ့တောင် မြို့နယ်၌ ၃၁၈ ဦး၊ စစ်တွေမြို့နယ် ၌ ၇၄၆ ဦး၊ မင်းပြားမြို့နယ်၌ ၁၁၅၀၊ ကျောက်တော်မြို့နယ်၌ ၉၆၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ၂၇၅ ဦး၊ ပေါက်တောမြို့နယ်၌ ၇၂၇ ဦး၊ မာန်အောင်မြို့နယ်၌ ၈၄၈ ဦး၊ ဘူးသီးတောင်မြို့နယ်၌ ၁၉၀ နှင့် မောင်တောမြို့နယ်၌ ၅၃၃ ဦး စုစုပေါင်း ၅၇၄၈ ဦးဖြစ် ကြောင်း သိရသည်။
ထိရောက်စွာကုသမှုပေး
ရခိုင်ပြည်နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အနေ ဖြင့် မုန်တိုင်းနောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါ အဝင် ကူးစက်ရောဂါများ ဖြစ်ပွား မှုကို စဉ်ဆက်မပြတ် စောင့်ကြည့် လျက်ရှိပြီး ကြိုတင်ကာကွယ်ရေး အတွက် သန့်ရှင်းသောသောက်သုံး ရေများ ဖြန့်ဝေပေးခြင်း၊ ရေသန့် ဆေးခတ်ခြင်း၊ ကျန်းမာရေး အသိ ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဖြစ်ပွားလာပါကလည်း အချိန်မီ ထိရောက်စွာ ကုသမှုပေးနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်