
ချောင်းသာ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့တွင် ခေတ္တရပ်ဆိုင်းခဲ့သော အခြေခံပညာအဆင့်စာမေးပွဲများ မတ် ၂၅ ရက်တွင် ဆက်လက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လတ်တလောဖြစ်ပေါ်ခဲ့သော မုန်တိုင်းအန္တရာယ်ကြောင့် မတ် ၂၂ ရက်က ဖြေဆိုနေဆဲ အခြေခံပညာ အဆင့် စာမေးပွဲများ ခေတ္တရပ်ဆိုင်းခဲ့ရပြီး လာမည့် မတ် ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် ဖြေဆိုရန်ကျန်ရှိသည့် ဘာသာရပ်နှစ်ခုအား ယခင်ဖြေဆိုခဲ့သည့် အချိန်များအတိုင်း ဆက်လက်ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က အခြေခံပညာအဆင့် စာမေးပွဲများ ဆက်လက်ကျင်းပ မည့် ကျောင်းများသို့ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုပြီး ကျောင်းတာဝန်ခံဆရာ ဆရာမများနှင့် တွေ့ဆုံ ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)