မုန်တိုင်းအန္တရာယ် ကင်းရှင်းပြီဖြစ်၍ အိမ်မဲမြို့နယ်၌ ရေယာဉ်များ၊ ပြည်သူများ ပုံမှန်သွားလာလျက်ရှိ

 

အိမ်မဲ   မတ်   ၂၄


ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌  မုန်တိုင်းအန္တရာယ်ကင်းရှင်း ပြီး ယနေ့နံနက်ပိုင်းကစတင်၍    မော်တော်ရေယာဉ်များ၊ ပြည်သူများ ပုံမှန်သွားလာလျက်ရှိသည်။

 


“အိမ်မဲမြို့နယ်မှာ ကျေးရွာအသီးသီးကနေမြို့ပေါ်ကို လိုင်းပြေးတဲ့ သင်္ဘောအစင်း ၂၀ ကျော်ရှိပါတယ်။ မတ် ၂၂ ရက်က မုန်တိုင်းအန္တရာယ် ဖြစ်မှာစိုးတဲ့အတွက် လိုင်းတွေကို ခဏရပ်နားထားခိုင်းတာဖြစ်ပါတယ်။ ယခုအချိန်မှာ မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားပြီဖြစ်တဲ့အတွက် ပုံမှန် လိုင်းတွေပြန်ထွက်နေပါပြီ” ဟု မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုဇော်မြတ်မိုးက ပြောကြား သည်။

 


အိမ်မဲမြို့နယ် ပျံကျစျေး၊မြို့မစျေးကြီးတို့တွင်စျေးသူ ဈေးသားများ စျေးဝယ်ကြသူများ၊ ခရီးသွားပြည်သူများ ပုံမှန်သွားလာလျက်ရှိကြောင်း သိရသည်။                

ချစ်သက်လယ် (ပြန်/ဆက်)