
စစ်ကိုင်း မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်း၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ တော်အနေဖြင့် အခြေခံပညာကျောင်းများမှာ ဆရာ၊ ကျောင်းသား အချိုးကောင်းမွန်တိုးတက်ရေးနှင့် ဆရာ ဆရာမများ၏ သင်ကြားမှုအရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အရည်အသွေး ပြည့်ဝသည့် ဆရာတစ်ဦးဖြစ်ရန်အတွက် ဆရာအတတ် ပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာများရရှိရန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေ ရန် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် သင်ရိုးသစ်များကို ထိရောက်စွာ အကောင် အထည်ဖော် သင်ကြားလေ့ကျင့်ပေးနိုင်ရန် အရေး ကြီးကြောင်း ပြောကြားသည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအမှာ စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀) သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား သင်တန်းသူများထံ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်း ဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်မှ သင်တန်းသား စုစုပေါင်း ၁၅၉ ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ အလား တူ သင်တန်းဆင်းပွဲများကို စစ်ကိုင်းပညာရေးဒီဂရီ ကောလိပ်နှင့် ကသာပညာရေးဒီဂရီကောလိပ်တို့တွင် သင်တန်းသား စုစုပေါင်း ၇၉ ဦးတို့ကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။ စစ်ကိုင်းတိုင်းဒေသ ကြီးတစ်ခုလုံးအနေဖြင့် သင်တန်းသား သင်တန်းသူ ၂၃၈ ဦး သင်တန်းဆင်းခဲ့ပြီး ၎င်းတို့အား တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၇၁၄၀၀၀၀ ကို ထောက်ပံ့ ခဲ့ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မတ် ၃ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၇ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လု ပွဲစဉ်အဖြစ် ခန္တီးခရိုင်ဘောလုံးအသင်းနှင့် ကသာခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးကာ ခန္တီးခရိုင်အသင်းမှ ကသာခရိုင်အသင်း အား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး တို့က ဆုရရှိခဲ့သည့် အသင်းများနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရ သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)