မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၄၉၅ ဦး တက်ရောက်

 

မုံရွာ    ဧပြီ   ၂၃


မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့  စာပေး စာယူ  ပထမနှစ်သင်တန်း   အမှတ်စဉ်   (၁/၂၀၂၂) သင်တန်းသား   သင်တန်းသူများ   ကြိုဆိုပွဲအခမ်း အနားကို ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် မုံရွာပညာရေး ဒီဂရီကောလိပ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်  တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်က   ယခုသင်တန်းသည်   နိုင်ငံတော် တည်ဆောက်ရေးတွင်  အရေးပါသည့်  ပညာရေး ကဏ္ဍအတွက်  ဆရာ  ဆရာမများကို  ပိုမိုအရည် အသွေးပြည့်ဝစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆရာ ဆရာမများ ကလည်း   အမြဲသင်ယူလေ့လာနေရန်  လိုအပ်သည့် အပြင်  သင်ရိုးညွှန်းတမ်းများကိုလည်း အကြောင်းအရာအခြေပြုသင်ရိုးညွှန်းတမ်းမှ   တတ်ကျွမ်းမှု အခြေပြုသင်ရိုးညွှန်းတမ်းအဖြစ်    ပြောင်းလဲလာ ပြီ    ဖြစ်ကြောင်း၊      သင်ကြားရေးတာဝန်များ       ထမ်းဆောင်ရာတွင်  လိုအပ်သော  ကျွမ်းကျင်မှုများ ရရှိအောင်    လေ့လာသင်ကြားကြရန်     မှာကြား လိုကြောင်း ပြောကြားသည်။ 

 


ယင်းနောက်   တိုင်းဒေသကြီး    ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ငွေကျပ် ၁၄၈၅၀၀၀၀ ကို  သင်တန်းသား သင်တန်းသူများထံ ပေးအပ်သည်။ ထို့နောက်  မုံရွာပညာရေး   ဒီဂရီ ကောလိပ်မှ ပါမောက္ခချုပ် ဒေါက်တာမင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားကာ   တိုင်း ဒေသကြီး    ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

 


အဆိုပါ မုံရွာပညာရေး ဒီဂရီကောလိပ် ပညာရေး ဘွဲ့    စာပေးစာယူ  ပထမနှစ်သင်တန်း  အမှတ်စဉ် (၁/၂၀၂၂)တွင် ပညာရေးဘွဲ့မရရှိသူ ဆရာ ဆရာမ များ၊   အခြေခံပညာဦးစီးဌာနမှ   အထက်တန်းပြ၊ အလယ်တန်းပြ၊  မူလတန်းကျောင်းအုပ်နှင့်   ရုံး ဝန်ထမ်းများ စုစုပေါင်း ၄၅၇ ဦး၊ ဟားခါးပညာရေးဒီဂရီ ကောလိပ်မှ ပြောင်းရွှေ့ တက်ရောက်သည့် သင်တန်း သား၊ သင်တန်းသူ ၃၈   ဦး   စုစုပေါင်း  ၄၉၅  ဦး တက်ရောက်သင်ယူမည်ဖြစ်ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)