မုံရွာမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး ထိမှန်သေဆုံးခဲ့သည်ဟု မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေ

နေပြည်တော်   ဩဂုတ်   ၂၇
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့  အိုးရှင်းစူပါ စင်တာအနီးရှိ     လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လှည့်ကင်းဆောင်ရွက်နေသည့်    လုံခြုံရေး တပ်ဖွဲ့ဝင်များအချင်းချင်း     အပြန်အလှန် ပစ်ခတ်မှုများ  ဩဂုတ် ၂၄ ရက်က ဖြစ်ပွား ခဲ့ကြောင်းနှင့်  ၎င်းပစ်ခတ်မှုကြောင့် အနီးရှိ ကလေးနှစ်ဦးအပါအဝင် ပြည်သူခြောက်ဦး ထိမှန်သေဆုံးခဲ့သည်ဟု တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ  ဩဂုတ် ၁၈ ရက်က ၎င်းနေရာအနီးတွင် အပြစ်မဲ့ပြည်သူခြောက်ဦး ကို PDF အမည်ခံအကြမ်းဖက်သမားများက ဒလန်ဟုစွပ်စွဲ၍     သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၂၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  မည်သည့်ပစ်ခတ်မှုမှမရှိကြောင်း နှင့်   အဆိုပါ    အပြစ်မဲ့ပြည်သူခြောက်ဦးကို သတ်ဖြတ်ခဲ့သည့်   အကြမ်းဖက်သမားများ ကိုလည်း တရားဥပဒေနှင့်အညီ  အရေးယူနိုင် ရေး တာဝန်ရှိသူများက လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း    လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် မြေပြင်ဖြစ်စဉ်များနှင့်လွဲမှားနေသည့်  သတင်းအမှားများကို အရှက်တရားမဲ့စွာ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ်မှာ လည်း အပြစ်မဲ့ပြည်သူခြောက်ဦးကို သတ်ဖြတ် ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်ကို  ဖုံးကွယ်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ်  အထင်အမြင်  လွဲမှား စေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
  သတင်းစဉ်