မုံရွာမြို့တွင်း လမ်းနှင့်တံတားလုပ်ငန်းများ အဆင့်မြှင့်တင်

 

မုံရွာ အောက်တိုဘာ ၁၇


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည်   အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊   တိုင်းဒေသကြီးဝန်ကြီးများ၊   ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ   မုံရွာမြို့နယ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသော လမ်းနှင့် တံတား တည်ဆောက်ရေးလုပ်ငန်းများကို အောက်တိုဘာ ၁၆ ရက်က ကြည့်ရှုစစ်ဆေးသည်။

 


တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ သည် မုံရွာမြို့ ရုံးကြီးရပ်ကွက်  ရုံးကြီးလမ်း မြစန္ဒာ ရုပ်ရှင်ရုံမှ  နာရီစင်အထိ  လမ်းအရှည် ပေ ၁၆၀၀၊ အကျယ် ၂၄ ပေ၊  ထု ၃ ဒသမ ၅ လက်မ   နိုင်လွန် ကတ္တရာခင်းနေမှု၊  မြို့ဝင်မုခ်ဦးအနီး  မုံရွာ-မန္တလေး ရထားလမ်းနှင့်    ကားလမ်းဘေးတို့၌    နယ်မြေခံ တပ်မတော်သားများ၊         မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ  ပူးပေါင်း၍ ချုံနွယ်များ ရှင်းလင်းနေမှုတို့ကို ကြည့်ရှုအားပေးသည်။ 

 


ဆက်လက်၍  မုံရွာမြို့ နို့စားနွားမွေးမြူရေးဇုန်၌ အရှည်ပေ  ၂၁၆၀၊    အကျယ် ၁၈ ပေ  ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှု၊   နန္ဒဝန်ရပ်ကွက်ရှိ  တိုင်းဒေသကြီး အဆင့်  ဌာနဆိုင်ရာရုံးများ ဝန်းကျင်၌  ကွန်ကရစ်လမ်း ၂၀၊ ကတ္တရာလမ်း နှစ်လမ်း(စုစုပေါင်း လမ်းအရှည်  သုံးမိုင်)ခင်းကျင်းနေမှုနှင့် ကွန်ကရစ်တံတား ၂၂ စင်း ဆောက်လုပ်နေမှု၊ အရှည်ပေ ၄၀ ၊  အကျယ် ၃၅ ပေ ရှိ    ပြည်ထောင်စုကျွန်း  တံတားအမှတ်(၁) သံကူ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးနေမှုများကို လည်း သွားရောက်ကြည့်ရှုပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက   လုပ်ငန်းအခြေအနေများကို  တင်ပြ၍  တိုင်းဒေသကြီးဝန်ကြီးချုပ်က   လမ်းတံတားများ အရည်အသွေးကောင်းမွန်စေရေး၊    စံချိန်စံညွှန်း ပြည့်မီရေးအတွက် မှာကြားသည်။


တိုင်းဒေသကြီး (ပြန်/ဆက်)