မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

 

နေပြည်တော်    မေ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်   ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိ သော အရာရှိ၊ စစ်သည်၊ မိသားစု များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများအား ယနေ့ မွန်းလွဲ ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီး ချုပ်   ဦးမြတ်ကျော်၊   အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ ဝင်များက   သွားရောက်ကြည့်ရှု ပြီး  တစ်ဦးချင်း၏  ရောဂါဖြစ်ပွား မှု၊   ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု    အခြေ အနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား    ပြောကြားကာ  အာဟာရဖြည့် စားသောက်ဖွယ် ရာများ ပေးအပ်သည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည်       ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး    လိုအပ် သည်များ       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                    

သတင်းစဉ်