မုံရွာမြို့နယ်ရှိ နွားမွေးမြူရေးဇုန်နှင့် ကြက်/ငုံးမွေးမြူရေးဇုန်များသို့ ကြည့်ရှုစစ်ဆေး

မုံရွာ    သြဂုတ်    ၁၇


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့နယ် လယ်ဇင်ကျေးရွာရှိ မြဘုရင်နို့ဆီချက် စက်ရုံသို့ ရောက်ရှိရာ နို့ဆီနှင့် နို့မှုန့်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ 


ကြည့်ရှုစစ်ဆေး


ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်    နွားမွေးမြူရေးဇုန်အတွင်း နွားမွေးမြူရေးလုပ်ငန်း     လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ    နွားမွေးမြူရေး လုပ်ငန်းရှင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နို့စားနွား များ    မွေးမြူထားရှိမှုကို   ကြည့်ရှုစစ်ဆေးသည်။ အဆိုပါနို့စားနွားမွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၄၁ ဦးက နို့စားနွား ၇၈၅ ကောင် မွေးမြူထားပြီး တစ်ရက် လျှင် နွားနို့ပိဿာချိန် ၂၀၀၀ ကျော် ထွက်ရှိကြောင်း သိရသည်။


ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်       ကျောက်စစ်ပုံ(တောင်)ကျေးရွာရှိ  ဥစားကြက် မွေးမြူရေးဇုန်သို့ ရောက်ရှိရာ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသော   လုပ်ငန်းရှင်များနှင့်    ရင်းရင်းနှီးနှီး      တွေ့ဆုံကာ   ဇုန်အတွင်း ဥစားကြက်များ   မွေးမြူထားရှိမှုများကို     လည့်လည်ကြည့်ရှုစစ်ဆေးသည်။ အဆိုပါဇုန်အတွင်း လုပ်ငန်းရှင် ၇၅ ဦး၏   ခြံ ၉၀ တွင် ဥစားကြက် ကောင်ရေ ၅၅၀၀၀ ကျော် မွေးမြူထားပြီး တစ်ရက် လျှင် ကြက်ဥ ၄၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရ သည်။


တွေ့ဆုံ


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ရွှေပြည်အေးကျေးရွာ ငုံးမွေးမြူရေး ဇုန်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ငုံးမွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။ ထို့နောက် ငုံးမွေးမြူ ထားရှိမှုနှင့်  ငုံးဥထုပ်ပိုးခြင်း၊  ငုံးမီးကိုင်ခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းရှင် ၃၃ ဦး၏ ခြံ ၃၃ ခြံတွင် ငုံးအကောင် ၃၃၀၀၀၀ မွေးမြူ ထားရာ တစ်ရက်လျှင် ငုံးဥ ၂၅၀၀၀၀ကျော် ထွက်ရှိ ကြောင်း သိရသည်။  

    
တိုင်းဒေသကြီး(ပြန်/ဆက်)