
မုံရွာ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဗိုလ်ချုပ်လမ်း ကန်သာယာ၌ ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၄ ရက် မဟာသင်္ကြန် အကျနေ့တွင် နိုင်ငံကျော် ရုပ်ရှင်မင်းသားများ၊ မင်းသမီးများ၊ ဗီဒီယိုသရုပ်ဆောင် များ၊ နိုင်ငံကျော်အဆိုတော်များ ဖြင့် သင်္ကြန်ပွဲတော် ဖျော်ဖြေ တင်ဆက်မှုများနှင့်အတူ ပြည်သူ များ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲလျက်ရှိသည်။
မုံရွာမြို့ ကန်သာယာတွင် ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအဖွဲ့ ၁၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ အခြားသော မဏ္ဍပ်များတွင် ဖျော်ဖြေရေးယိမ်းများ၊ ခေတ်ပေါ် တေးဂီတအဆိုများဖြင့် သီဆို ဖျော်ဖြေလျက်ရှိရာ ပါဝင်ဆင်နွှဲကြ သူများဖြင့် အထူးစည်ကားလျက် ရှိပြီး စတုဒိသာမဏ္ဍပ်များ၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ၊ အချိုရည် များ၊ အဖျော်ယမကာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)