
မုံရွာ သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူ များသည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အရည်အိုး အလုံး၂၀၀ နှင့် Flow Meter အခု ၂၀၀ ထပ်မံရောက်ရှိမှုကို ယနေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် များတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့ အစည်းများ၊ နယ်မြေခံတပ်မတော်ဆေးအဖွဲ့များ နှင့် တပ်မတော်သားများ၊ စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်စပ်လျဉ်းသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး အတွင်း ခရိုင်နှင့်မြို့နယ်များသို့ ဇူလိုင် ၂၂ ရက်မှစတင် ပြီး အောက်ဆီဂျင်အိုး ၉၀၀ ကို ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းနှင့် ယနေ့ထပ်မံရောက်ရှိလာသည့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အရည်အိုး အလုံး ၂၀၀ နှင့် Flow Meter အခု ၂၀၀ ကိုလည်း တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)