မုံရွာမြို့ မြို့သစ်ရပ်ကွက်၊ အိုးဘိုတောင်ရပ်ကွက်များတွင် နိုင်လွန်ကတ္တရာလမ်းနှင့် ကတ္တရာလမ်းများ ခင်းကျင်းနေမှုကြည့်ရှုစစ်ဆေး

 

စစ်ကိုင်း   ဇန်နဝါရီ    ၂၂


စစ်ကိုင်းတိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးမြတ်ကျော်သည်  တိုင်းဒေသကြီး  သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့နှင့်အတူ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ် မီနီဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိသော မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ စွယ်တော်လမ်း အရှည် ပေ ၂၅၀၀၊ အကျယ်  ၁၈ ပေ အား နိုင်လွန်ကတ္တရာ သုံးလက်မခွဲထု ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်က  ရှင်းလင်းတင်ပြချက်များအပေါ်  လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်   တာဝန်ရှိသူများသည်   မြို့သစ် ရပ်ကွက် စိန်ပန်းပြာလမ်း  အရှည်ပေ  ၂၅၅၀  နှင့် စိန်ပန်းဝါလမ်း အရှည်ပေ   ၂၆၀၀  အား  နိုင်လွန် ကတ္တရာလမ်း   ခင်းကျင်းပြီးစီးမှုတို့အား  ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်နှင့်   တာဝန်ရှိသူများသည်   အိုးဘိုတောင် ရပ်ကွက်ရှိ စိန်ပန်းနီလမ်း အရှည်  ပေ ၉၇၀ အား အကျယ်  ၁၈  ပေ  ကတ္တရာလမ်းခင်းကျင်းနေမှု၊ ရပ်ကွက်များအတွင်း  ရေစီးရေလာကောင်းမွန်ရေး အတွက် လမ်းဘေး ဝဲ/ယာရှိ ရေနုတ်မြောင်းများ ရှင်းလင်းနေမှု၊ ရေနုတ်မြောင်းများ တူးဖော်ပေးနေမှု နှင့် ထင်းရှူးလမ်း အရှည်ပေ  ၉၇၀ အား ကတ္တရာ လမ်းခင်းရန် လမ်းပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကတ္တရာလမ်းခင်း နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ကို  တာဝန်ရှိသူများနှင့်     ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)