
မုံရွာ မတ် ၁၂
မုံရွာ-ဟုမ္မလင်း လေယာဉ်ခရီးစဉ် ဖြင့် လိုက်ပါမည့် မုံရွာမြို့မှ ခရီးသည် အမျိုးသားရှစ်ဦး၊ အမျိုး သမီးခြောက်ဦး စုစုပေါင်း ၁၄ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းကို မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မတ် ၁၁ ရက်က ဆောင်ရွက်သည်။
ထိုသို့ စစ်ဆေးရာတွင် အောင် ချမ်းသာရပ်ကွက်၌ နေထိုင်သူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိသော်လည်း ၎င်း တွင် ရောဂါအခံမရှိခြင်း၊ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးခြင်းတို့ကြောင့် မုံရွာ မြို့ နေအိမ်၌ပင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင် စေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မုံရွာ - ဟုမ္မလင်း လေယာဉ်ခရီးစဉ်တွင် ခရီးသည် ၆၇ ဦး လိုက်ပါမည်ဖြစ်ရာ ကျန် ၅၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကျန်းမာရေးစစ်ဆေးချက် များပါရှိကြောင်းနှင့် မုံရွာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် လေယာဉ် ခရီးစဉ်ဖြင့် လိုက်ပါမည့်သူများ အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)