
မုံရွာ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေးတက္ကသိုလ် ပင်မဆောင် ငွေရတုခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင် နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာစီးပွား ရေးတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် အခြေစိုက် တည်ထောင်ဖွင့်လှစ်ထားရှိပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် တို့မှ အများစုဖြစ်ပြီး မြန်မာနိုင်ငံဒေသ အသီးသီးမှ လည်း ပညာသင်ခွင့်ရရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပါ ကြောင်း၊ ကျောင်းသား/ကျောင်းသူ မောင်မယ် တို့အနေဖြင့် မိမိတို့ ပညာသင်ယူရမည့်အရွယ်တွင် ပညာသင်ခွင့်ရရှိသည့် အခွင့်အလမ်းများအား ကောင်းစွာ အသုံးချတတ်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ သင်ကြားပြသသည့် စီးပွားရေး ပညာဘာသာရပ်အသီးသီးကို ကိုယ်တိုင်တတ်ကျွမ်း နားလည်၍ အသုံးချနိုင်သည့် ပညာရှင်အဆင့် ရောက်ရှိအောင် ဇွဲလုံ့လ၊ ဝီရိယတို့ဖြင့် အားထုတ် ကြိုးပမ်း၍ လေ့လာသင်ယူဆည်းပူးသွားကြရန် မှာကြားလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူတို့ သည် လူငယ်မောင်မယ်များဖြစ်သည်နှင့်အညီ ကျန်းမာ ကြံ့ခိုင်ခြင်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိခြင်း၊ ဖြောင့်မတ် မှန်ကန်သော အကျင့်စာရိတ္တတို့ဖြင့် ပြည့်စုံခြင်း၊ အချင်းချင်း ရိုင်းပင်းကူညီစိတ်ရှိခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ပြီး မိမိအတွက် ကောင်းကျိုးဖြစ်စေသောအရာတို့နှင့် ပြည့်စုံခြင်းစသည့် တတ်ကြွ၍ နိုးကြား သော လူငယ်မောင်မယ်များဖြစ်အောင် မိမိကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ကြရမည် ဖြစ်ပါကြောင်းနှင့် စီးပွားရေးပညာရှင်များအဖြစ် မိမိနှင့်မိမိပတ်ဝန်းကျင် ကို အကျိုးပြုနိုင်သည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်သော ပညာတတ် လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် အားထုတ်ကြိုးပမ်းသွားကြ ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ သီတာကြူက စီးပွားရေးတက္ကသိုလ် အကြောင်းအား မိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ စတုတ္ထနှစ်သင်တန်းမှ ကျောင်း သား တစ်ဦးက ကြိုဆိုနှုတ်ဆက် စကားပြောကြားပြီး ပထမနှစ်သင်တန်းမှ ကျောင်းသူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဆက်လက်၍ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်က တက္ကသိုလ်အကြောင်း အား မိတ်ဆက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာ ကြသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)