မုန်းမြို့ နယ်မြေခံတပ်ရင်းသို့ လာရောက်တိုက်ခိုက်သည့် KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း

 

နေပြည်တော်  ဒီဇင်ဘာ   ၅ 


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်   မုန်းမြို့ရှိ    နယ်မြေခံတပ်ရင်းများနှင့်   မြို့ဝင်သံတံတားတို့အား  KNLA  နှင့် PDF အမည်ခံ  အကြမ်းဖက်သမားများက အင်အား ၁၅၀၀  ခန့်ဖြင့်     တိုက်ခိုက်ခဲ့ပြီး  မုန်းမြို့အား   ဒီဇင်ဘာ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း  ပြည်ဖျက်မီဒီယာများက  လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် မဟုတ်မမှန်လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရှိရသည်။ 


ဖြစ်စဉ်အမှန်မှာ   KNLA   နှင့် PDF အမည်ခံ အကြမ်းဖက်သမား များက    ဒီဇင်ဘာ  ၃   ရက်နေ့ နံနက်ပိုင်းကစ၍         မုန်းမြို့ရှိ နယ်မြေခံတပ်ရင်း  တစ်ရင်းအား သာလွန်အင်အားဖြင့်    အလစ် အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ          အရာရှိ၊ စစ်သည်၊  ရဲမေများက စနစ်တကျ ပြန်လည်ခုခံ          တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ     ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။      အကြမ်းဖက် သမားများအနေဖြင့် ထိခိုက်ကျဆုံး မှုများပြားသော်လည်း  အင်အား ထပ်မံဖြည့်တင်း၍  တိုက်ခိုက်လာ သည့်အတွက်       ညနေပိုင်းတွင် မိသားစုဝင်များ    ဘေးအန္တရာယ် ကင်းရှင်းစေရေး  သင့်လျော်သည့် နေရာသို့  နည်းဗျူဟာအရ ခေတ္တ ဆုတ်ခွာခဲ့ရပြီး အဆိုပါ မိသားစု များကို လုံခြုံစိတ်ချရသည့်  နေရာ သို့     လေကြောင်းအကူအညီဖြင့် စနစ်တကျ        ပြောင်းရွှေ့ပေးခြင်း များ ဆောင်ရွက်ခဲ့ရသည်။


အဆိုပါ    အကြမ်းဖက်သမား များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နေရာသို့              တပ်မတော်စစ်ကူ စစ်ကြောင်းများ         ဖြည့်တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူကာ ယနေ့ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင်  စနစ် တကျ    စုဖွဲ့လျက်      ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား များ          အကျအဆုံးများစွာဖြင့် မွန်းလွဲပိုင်းတွင် မြို့၏မြောက်ဘက် နှင့်    အရှေ့ဘက်သို့      ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာ  ထွက်ပြေးသွား ခဲ့ပြီး           အကြမ်းဖက်သမားများ ခေတ္တဝင်ရောက်    နေရာယူထား သည့်      နယ်မြေခံတပ်ရင်းအား တပ်မတော်    စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်  သိမ်းပိုက်နိုင်ခဲ့ ကာ   မုန်းမြို့အတွင်း   လုံခြုံရေး လုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိသည်။ 


ဖြစ်စဉ်တွင်      အကြမ်းဖက် သမားများထံမှ          အလောင်း၊ လက်နက် အချို့    သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ်အတွင်း    ခေတ္တ တိမ်းရှောင်စဉ်    ထပ်မံထိတွေ့မှု ဖြစ်ခဲ့သည့်     အရာရှိ/စစ်သည် အချို့နှင့် မြို့တွင်းနေ ရဲမေအချို့တို့ အကြမ်းဖက်သမားများ၏ ဖမ်းဆီး ခြင်းခံရကာ အချို့အရာရှိ/စစ်သည်/ရဲမေများ  ပြန်လည်လွတ်မြောက် ရေးအတွက်လည်း     တပ်မတော် စစ်ကြောင်းများက          လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း    သိရှိရ သည်။


ထို့အပြင်   အကြမ်းဖက်သမား များသည်    ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း      အဆိုပါနယ်မြေခံ တပ်ရင်းအား    တိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းတွင်        အခြား နယ်မြေခံတပ်ရင်းအား   အဝေးမှ နှောင့်ယှက်ပစ်ခတ်၍        လည်း ကောင်း၊     ဆက်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ သံတံတားလုံခြုံရေး စခန်းအား  ဝင်ရောက်တိုက်ခိုက်၍ လည်းကောင်း၊ မြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်၍       လည်း ကောင်း စစ်ကူမလာရောက်နိုင်စေ ရေး         ထိန်းချုပ်နှောင့်ယှက် တိုက်ခိုက်မှုများ           ပြုလုပ်ခဲ့ရာ မြို့တွင်းလုံခြုံရေး       ဆောင်ရွက် သည့်  တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲများ    ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်    သမားများသည် ထိခိုက်ဒဏ်ရာရရှိမှု    များစွာဖြင့် ပြန်လည်   ဆုတ်ခွာသွားခဲ့သည်။ သို့သော်     အကြမ်းဖက်အားပေး တရားမဝင်  မီဒီယာများအနေဖြင့် ဒီဇင်ဘာ ၃ ရက်နေ့တွင်  မုန်းမြို့ရှိ တပ်ရင်းများအား    လည်းကောင်း၊ မြို့ဝင်သံတံတားနှင့်     မုန်းမြို့တို့ အားလည်းကောင်း           အင်အား ၁၅၀၀    ခန့်ဖြင့်    သိမ်းပိုက်နိုင်ခဲ့ ကြောင်း         သတင်းအမှားများ လုပ်ကြံထုတ်လွှင့်၍  ပြည်သူလူထု စိုးရိမ်ကြောက်ရွံ့စေရန်နှင့် ဒေသ တည်ငြိမ်မှု         ပျက်ပြားစေရန် ဖန်တီးခဲ့ကြောင်း တွေ့ရှိရသည်။


သို့ဖြစ်၍      အကြမ်းဖက် အားပေး  တရားမဝင်မီဒီယာများ၏ လုပ်ကြံသတင်း  အမှားများအပေါ် တိုင်းရင်းသားပြည်သူများ သတိပြု နိုင်ပါရန်နှင့် တပ်မတော်စစ်ကြောင်း များအနေဖြင့်     အဆိုပါဒေသ         တည်ငြိမ်        အေးချမ်းရေးအတွက်  လိုအပ်သည့်      ပြန်လည်တုံ့ပြန်       တိုက်ခိုက်ခြင်းများ      ဆက်လက် ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း သတင်းရရှိသည်။    
  သတင်းစဉ်