မုဒုံမြို့နယ် ကော့ခပုံကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် တံတားသုံးစင်းဖောက်လုပ်

 

မုဒုံ    ဖေဖော်ဝါရီ    ၂၆


မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခပုံ ကျေးရွာတွင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လယ်စိုက်ဧက ၈၆၃ ဧက အကျိုး ပြုမည့်     ကုန်ထုတ်လမ်းနှင့် တံတား သုံးစင်းကို ​ဖောက်လုပ် တည်ဆောက်လျက်  ရှိကြောင်း သိရသည်။

 


မုဒုံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်  တောင်သူများ၏  ဒေသ ထွက်ကုန်ပစ္စည်းများကို     စျေး ကွက်သို့    လွယ်ကူလျင်မြန်စွာ  တင်ပို့နိုင်ရေးအတွက်  ကျေးလက်
ကုန်ထုတ်လမ်းများကို ဖောက် လုပ်ပေးလျက်ရှိရာ     အဆိုပါ ကုန်ထုတ်လမ်းနှင့်     တံတား သုံးစင်းကို  ၂၀၂၁ - ၂၀၂၂ ခြောက်လ     ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၉၀  ဒသမ  ၉  သန်း ဖြင့်      တင်ဒါ အောင်မြင်ခဲ့သည့်  ကုမ္ပဏီများက     ကုန်ထုတ်လမ်း ( ၁ မိုင် ၆ ဒသမ ၃ ဖာလုံ x  ၁၂  ပေ x  ၃  ပေ ၉ လက်မ)    ကို   လည်းကောင်း၊      ကုန်ထုတ် လမ်းပေါ်ရှိ  ( ၁၅ x ၁၅ x ၇) ပေ  ကွန်ကရစ်       တံတားတစ်စင်း၊  ( ၂၅ x ၁၅ x ၇) ပေ   ကွန်ကရစ် တံတား တစ်စင်းနှင့် ရေထုတ်ပြွန် (၆ ပေ ၃ လက်မ x ၂၀ ပေ x ၆ ပေ)တံတားတစ်စင်းကို လည်းကောင်း     တည်ဆောက်လျက်ရှိရာ   ၅၀ ရာခိုင်နှုန်းခန့်       ပြီးစီးနေပြီ ဖြစ်သည်။

 


ယင်း    ကုန်ထုတ်လမ်းနှင့် တံတားသုံးစင်ကို   ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ဆောင်ရွက်လျက်ရှိပြီး   တည် ဆောက်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ခြေ ၂၀၀၊ တောင်သူဦးရေ ၁၂၆ ဦးတို့၏  စိုက်ပျိုးမြေ   လယ်ဧက ၈၆၃ ဧက   အကျိုးပြုနိုင်မည်  ဖြစ်ကြောင်း သိရသည်။  
       

အောင်မျိုးသူ(ပြန်/ဆက်)