မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းအရှည်တစ်မိုင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး

 

ပူတာအို စက်တင်ဘာ ၂၅


ဆောက်လုပ်ရေး၀န်ကြီး    ဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး    ဦးစီး ဌာန၏ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ် ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့လမ်း အပိုင်း ပူတာအိုလွင်ပြင်ပတ်လမ်း ၏လမ်းပိုင်းတစ်ခုဖြစ်သည့်  လမ်း အရှည်တစ်မိုင်      ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို    တင်ဒါ အောင်မြင်ခဲ့သည့်        ပူတာအို နန်းတော်ဆောက်လုပ်ရေးကုမ္ပဏီ က အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ရာနှုန်းပြည့်      ပြီးစီးနေပြီဖြစ် ကြောင်း ပူတာအိုခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရ သည်။


အဆိုပါ       လမ်းပိုင်းသည်   အရှည်  ၁၁   မိုင်ရှိသည့်အနက် ၂၀၁၈ ခုနှစ်   မီနီဘတ်ဂျက်တွင်      လမ်းအရှည်   သုံးမိုင်လေးဖာလုံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ပေ ၄၀ ရှိ      သံကူကွန်ကရစ်တံတား တစ်စင်း၊    ပေ ၅၀ ရှိ       သံကူ ကွန်ကရစ်တံတား   တစ်စင်းနှင့်ပေ ၆၀ ရှိ     သံကူကွန်ကရစ် တံတား တစ်စင်းတို့ကို ဆောက်လုပ်ပြီးစီး ခဲ့ပြီး ၂၀၂၀- ၂၀၂၁  ဘဏ္ဍာနှစ် ပြည်နယ်   ဘဏ္ဍာခွင့်ပြုရန်ပုံ ငွေကျပ်သန်းပေါင်း  ၄၆၃ ဒသမ ၃၆ သန်းဖြင့်  မုဒုံ-ပမ္မတီး-နမ်ရှယ် ကော့လမ်းပိုင်းမှ   လမ်းအရှည် တစ်မိုင်    ကွန်ကရစ်လမ်းခင်းခြင်း ကို   ဇန်နဝါရီ ၁၅ ရက်မှ    စတင် ဆောင်ရွက်ခဲ့ရာ  စက်တင်ဘာ   ၁၅    ရက်တွင် လုပ်ငန်းရာနှုန်းပြည့် ပြီးစီးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ပူတာအိုလွင်ပြင်ပတ် လမ်းပိုင်းတစ်ခုဖြစ်သည့်     မုဒုံ-ပမ္မတီး-နမ်ရှယ်ကော့လမ်းပိုင်းရှိ မုဒုံကျေးရွာ-   နမ့်ပလပ်ချောင်း တံတားနှင့်    ပမ္မတီးကျေးရွာကြား လမ်းပိုင်းသည်   ယခင်က   နှစ်စဉ် နှစ်တိုင်း မိုးရာသီကာလတွင် ရေ လွှမ်းမိုးမှုကြောင့် ပမ္မတီးကျေးရွာ အုပ်စုမှပြည်သူများသည် စက်လှေ ဖြင့်တစ်ဆင့်  သွားလာနေကြရာမှ ယခုအခါ          အဆိုပါနေရာ အား   လမ်းတာပေါင်တင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးသဖြင့်   အခက် အခဲမရှိ     သွားလာနိုင်ပြီဖြစ်ပြီး   ပူတာအို-မုဒုံ-နမ်ရှယ်ကော့ ပူတာအိုလွင်ပြင်ပတ်လမ်းမှကွန်ကရစ် လမ်းခင်းရန်   ကျန်ရှိသည့်   လမ်း အပိုင်းများကိုလည်း     ဘဏ္ဍာနှစ် အလိုက်     ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းနိုင်ရန်     လျာ ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။            

ဖုန်ကန်(ပူတာအို)