
မတူပီ နိုဝင်ဘာ ၁၀
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မတူပီခရိုင်ရုံးဝန်ထမ်းများ အနေဖြင့် ပြည်သူကို ဗဟိုပြုသော အများပြည်သူဝန်ဆောင်မှု လုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအား အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ မတူပီခရိုင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းကို နိုဝင် ဘာလမှစ၍ အရှိန်အဟုန်မြှင့် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မတူပီခရိုင်ရုံးရှိ ပြည်သူ့စာကြည့် တိုက်တွင် လူကြီးစာဖတ်ခန်းနှင့် ကလေးစာဖတ်ခန်းဟူ၍ စာဖတ်ခန်း နှစ်ခန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ စာဖတ် ပရိသတ်များ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာသည်။ အဆိုပါလုပ်ငန်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ “မတူပီ ခရိုင် ပြည်သူ့စာကြည့်တိုက်ကို ပြည်သူ လူထုက စိတ်ဝင်စားသော နေရာ၊ ပြည်သူများ အသိပညာ ဆည်းပူးရာ နေရာ၊ ပြည်သူများ အပန်းဖြေနေရာ အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်” ပုံဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မတူပီခရိုင်ဦးစီးမှူး ဒေါ်ရွှေရည်တင် က ရှင်းလင်းပြောကြားသည်။
အဆိုပါ စာကြည့်တိုက်တွင် နိုဝင် ဘာ ၉ ရက်က စာဖတ်ပရိသတ် ၂၀ လာရောက်ဖတ်ရှုကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)