မတူပီမြို့၌ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေး

 

မတူပီ  နိုဝင်ဘာ  ၄


ချင်းပြည်နယ်  မတူပီမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့    ဥက္ကဋ္ဌ    ဦးမျိုးသန့်၏ဦးဆောင်မှုဖြင့်  မြို့နယ်ဌာနဆိုင်ရာများ  ပါဝင်သောအဖွဲ့သည်  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ          နိုင်ငံရေး စစ်ကြောင်း၊    ပြည်သူ့ရေးရာ   စီမံခန့်ခွဲရေး စစ်ကြောင်း၊ စီးပွားရေးစစ်ကြောင်း၊ လုံခြုံရေး စစ်ကြောင်း၊ လူမှုရေးစစ်ကြောင်းကြီးများဖြင့် ဒေသခံပြည်သူများ၏   အခြေခံလိုအပ်ချက်များ ကို နိုဝင်ဘာ ၃  ရက်က  ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


မတူပီမြို့  ခိုဘွေရပ်ကွက်    ဘုံတလာခန်းမ ၌  ကွင်းဆင်းဆောင်ရွက်ပေးရာတွင်     မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး    စစ်ကြောင်းတစ်ခုချင်းအလိုက် အဖွဲ့ဝင်များက      ဒေသတည်ငြိမ်ရေး၊     ရပ်ရွာ အေးချမ်းသာယာရေးနှင့်   တရားဥပဒေစိုးမိုး ရေးဆိုင်ရာများ၊     စိုက်ပျိုးရေးလုပ်ငန်းများ၊    လုံခြုံရေးလုပ်ငန်းများ၊ ပညာရေး၊  ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများ၊        ဒေသဖွံ့ဖြိုးရေးဆိုင်ရာ      လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက  ဟောပြောသည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေး နှင့်           ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနက     ပြည်သူများသို့     အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ပုံစံ   (၆၆/၆) အိမ်ထောင်စုစာရင်း ၁၀ စုနှင့် ပြည်သူ   ၁၅ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို  ပြုလုပ်ပေးခဲ့သည်။              

ခရိုင်(ပြန်/ဆက်)