မတ္တရာမြို့နယ် မှော်နီကုန်းရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၃
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မှော်နီကုန်းကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ လက်နက် ကြီး၊  လက်နက်ငယ်များဖြင့်  ပစ်ခတ်ဝင်ရောက်ခဲ့ပြီး  နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ  DVB က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ မတ္တရာမြို့နယ်၌ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံ   အကြမ်းဖက်သမားများက   မှော်နီကုန်းကျေးရွာအနီးတွင် လာရောက်တိုက်ခိုက်ခဲ့ပြီး   ပြန်လည်ထွက်ပြေးချိန်တွင်   မှော်နီကုန်း ကျေးရွာမှနေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း မြေပြင်သတင်း ပေးပို့ချက်များနှင့်   လုံခြုံရေးတာဝန်ရှိသူများ၏  ပြောကြားချက်အရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို    ပြည်သူလူထု နှင့်အတူ   ပူးပေါင်းဆောင်ရွက် လျက်ရှိရာ  တရားမဝင်   ပြည်ဖျက် မီဒီယာများက       အကြမ်းဖက် သမားများ၏  အကြမ်းဖက်လုပ်ရပ် များကို   ဖုံးကွယ်ရန်နှင့်  လုံခြုံရေး   တပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်       လွဲမှားစေရန်အတွက်     လုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းသာ  ဖြစ် ကြောင်း သတင်းရရှိသည်။            
       သတင်းစဉ်