
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းမှန်များကို ပြည်သူလူထုထံရောက်ရှိအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အလေးထားဆောင်ရွက်လျက်ရှိ
နေပြည်တော် အောက်တိုဘာ ၂၅
မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ် ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူး ခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက အမှာစကားပြောကြား ရာ၌ မိမိတို့နိုင်ငံ၌ ပြည်သူအချို့ သည် ဖေ့စ်ဘွတ်ပေါ်ရှိ သတင်းများ အနက်မှ မည်သည်က သတင်းတု ဖြစ်သည်၊ သတင်းမှားဖြစ်သည်ကို မဝေခွဲနိုင်တော့ဘဲ ဖြတ်သန်းနေရ ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် သတင်းမှန်များကို ပြည်သူလူထုထံ ရောက်ရှိအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ သတင်း အမှန်သိရှိစေရန် ကြိုးစားဆောင် ရွက်ပေးနေပါကြောင်း။
သတင်းတစ်ပုဒ်၊ ဖြစ်စဉ်တစ်ခု ကို ဖော်ပြရာတွင် တင်ဆက်သူ၏ အရည်အသွေးအပေါ် မူတည်၍ သတင်းတန်ဖိုး တက်သွားပါ ကြောင်း၊ သင်တန်းသူ၊ သင်တန်း သားများအနေဖြင့် ဝန်ကြီးဌာန အလိုက် ဆောင်ရွက်ချက်များကို ဖော်ပြရာတွင် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် မည်သို့ အလေးထားဆောင်ရွက်နေသည် ကို ရိုက်ကူးရေးသားတင်ဆက် တတ်ရန် လိုအပ်ပါကြောင်း၊ သင်တန်းနည်းပြများက စေတနာ ထက်သန်စွာ သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး အမှန်တကယ် ပညာရရှိအောင် လေ့လာသင်ယူ ကြစေလိုပါကြောင်းနှင့် သင်တန်း မှ ပို့ချပေးလိုက်သည့် မီဒီယာပညာ ရပ်များကို ပြန်လည်မျှဝေကြစေ လိုပါကြောင်း ပြောကြားသည်။
ယခု သင်တန်းအမှတ်စဉ်(၂) ကို ယနေ့မှ နိုဝင်ဘာ ၁၁ ရက် အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ကင်မရာ ၏ လုပ်ဆောင်ချက် (Function) များ၊ ရိုက်ကူးနည်းအဆင့်ဆင့်၊ သတင်းရိုက်ကူးနည်း၊ မှတ်တမ်း ဗီဒီယိုရိုက်ကူးနည်း၊ သတင်းများ တည်းဖြတ်ခြင်း၊ သတင်းရေးသား နည်း အခြေခံအချက်များ၊ အွန်လိုင်း သတင်းရေးသားခြင်း အခြေခံ နည်းစနစ်များ၊ အွန်လိုင်း သတင်းရေးသားသူတို့ ဆောင်ရန် ရှောင်ရန်များကို သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတို့မှ အမှုထမ်း၊ အရာထမ်းများ ၄၆ ဦး တက် ရောက်ကြသည်။
ယင်းသင်တန်းအမှတ်စဉ်(၁)ကို စက်တင်ဘာလတွင် ပထမ အကြိမ် ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်း ၄၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်