မှတ်တမ်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာသင်တန်းအမှတ်စဉ်(၂) သင်တန်းသားများ ဇေယျာသီရိမြို့နယ်ရှိ မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာတိုက်များသို့ လာရောက်လေ့လာ

 

နေပြည်တော်   နိုဝင်ဘာ  ၄


မှတ်တမ်းဗီဒီယို     ရိုက်ကူးတည်း ဖြတ်ခြင်း၊      မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊    သတင်းရေးသား ခြင်းဆိုင်ရာ      သင်တန်းအမှတ် စဉ်(၂)        သင်တန်းသားများ  သည်       ပြည်ထောင်စုနယ်မြေ နေပြည်တော်     ဇေယျာသီရိ မြို့နယ်        ခရေပင်လမ်းခွဲရှိ မြန်မာ့အလင်းနှင့်      ကြေးမုံ သတင်းစာတိုက်များသို့     နိုဝင် ဘာ ၄  ရက်     မွန်းလွဲပိုင်းက      လက်တွေ့    လာရောက်လေ့လာ ကြသည်။

 


အဆိုပါ  သင်တန်းသားများ  သည်  မြန်မာ့အလင်းနှင့်  ကြေးမုံ သတင်းစာတိုက်များရှိ    သတင်း ခန်း  စီမံခန့်ခွဲမှုပုံစံများ၊  သတင်း စုဆောင်းခြင်း၊   တည်းဖြတ်ခြင်း၊ စာမျက်နှာဖွဲ့ခြင်း၊     ပုံနှိပ်စီစဉ် ရေးလုပ်ငန်း        အဆင့်ဆင့်နှင့် သတင်းစာ   ပုံနှိပ်စက်ခန်းများ အထိ        သတင်းစာထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို   လေ့လာ ကြရာ     သတင်းစာတိုက်များမှ တာဝန်ရှိသူများက     လိုက်လံ ရှင်းလင်းပြသသည်။ 

 


ယခုသင်တန်း  ဖွင့်လှစ်ပို့ချမှု နှင့်ပတ်သက်၍   သင်တန်းသား တစ်ဦးဖြစ်သူ      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း ရေးဝန်ကြီးဌာန     ဝန်ကြီးရုံးမှ လက်ထောက်     ညွှန်ကြားရေးမှူး ဦးကျော်စန်းဝင်းက “ဒီသင်တန်း မှာ ပထမငါးရက်သင်ခန်းစာမှာ ကင်မရာရှုထောင့်တွေ၊     သတင်း ဗီဒီယိုတည်းဖြတ်တဲ့   နည်းပညာ တွေ၊ ဒုတိယပတ်မှာ သတင်းရေး သားခြင်း၊       သတင်းထုတ်ပြန် ခြင်းနဲ့         သတင်းစာရှင်းလင်းပွဲ သတင်းတွေကို      ဘယ်လိုရေး သား     ထုတ်ပြန်လဲဆိုတာတွေကို ခွဲခြားပြီးတော့     သိခဲ့ရပါတယ်။ သတင်းမှန်     ထုတ်ပြန်ရေးဟာ နိုင်ငံအတွက်    အများကြီးအရေး ပါပါတယ်။        ခုခေတ်ဆိုရင် ပိုပြီးတော့        အရေးပါလာပါ တယ်။   အခုချိန်မှာ   လူတွေက ဖေ့ဘုတ်ပဲ     ကြည့်ကြတဲ့အတွက် အွန်လိုင်းမှာ      သတင်းမှန်လား၊ သတင်းမှားလားဆိုတာ     ခွဲခြား ပြီးတော့     မသိနိုင်ကြတော့ဘူး။ အဲဒီအတွက်    သက်ဆိုင်ရာကနေ သတင်းမှန်  ထုတ်ပြန်နိုင်ရေးဟာ အင်မတန်မှ    အရေးပါပါတယ်။ ဒါကြောင့်မို့        အခုလိုသင်တန်း မျိုးဟာ   ကျွန်တော်တို့    ဝန်ကြီး ဌာနအတွက်ရော     ပြန်ကြားရေး ဝန်ကြီးဌာနအတွက်ပါ    အလွန် အကျိုးရှိတဲ့       သင်တန်းဖြစ်ပါ တယ်”ဟု ပြောသည်။ 

 


ယခုဖွင့်လှစ်သည့် မှတ်တမ်း ဗီဒီယို     ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံ   ရိုက်ကူးခြင်း၊ သတင်း     ရေးသားခြင်းဆိုင်ရာ သင်တန်း      အမှတ်စဉ်(၂) ကို နေပြည်တော်ရှိ     ပြန်ကြားရေး ဝန်ကြီးဌာန      စုပေါင်းရုံးခန်းမ ၌     အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ   မြန်မာ့ အသံနှင့်       ရုပ်မြင်သံကြား၊ သတင်းနှင့်   စာနယ်ဇင်းလုပ်ငန်း နှင့်      ပြန်ကြားရေးနှင့်    ပြည်သူ့ ဆက်ဆံရေး      ဦးစီးဌာနတို့မှ    သင်တန်းနည်းပြများက  စာတွေ့၊  လက်တွေ့ သင်ကြားပို့ချပေးလျက် ရှိသည်။     


အဆိုပါ        သင်တန်းသို့   နေပြည်တော်ရှိ  ဝန်ကြီးဌာန  ၁၂ ခုမှ   သင်တန်း သား     သင်တန်းသူ ၄၈ ဦး      တက်ရောက်     လေ့လာ လျက်ရှိကြောင်း သိရသည်။ 


ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ