
ရန်ကုန် ဖေဖော်ဝါရီ ၁၅
မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က သတ်မှတ်ထားသည့် မတ်လ နိုင်ငံတကာ ရက်သတ္တပတ်တွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် စီစဉ်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အသင်း သည် ၂၀၂၂ AFF Cup ပြိုင်ပွဲပြီး ကတည်းက လေ့ကျင့်မှုရပ်နား ထားပြီး နိုင်ငံတကာခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားရန် မတ်လ တတိယပတ်မှသာ အစောဆုံး လေ့ကျင့်ပြင်ဆင်နိုင်မည် ဖြစ် သည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ် သည့် MNL အမှတ်ပေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် စတင် ကျင်းပမည် ဖြစ်သောကြောင့် ပြိုင်ပွဲခေတ္တ ရပ်နားသည့် မတ် ၁၈ ရက် နောက်ပိုင်းမှသာ စတင် လေ့ကျင့်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း ခြေစမ်းပွဲကစားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး နှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ သည့် ဂျာမနီနိုင်ငံသား အန်တွမ် နီဟေးနှင့် ဇန်နဝါရီလကုန်တွင် လမ်းခွဲခဲ့သဖြင့် ယင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် နည်းပြသစ် သို့မဟုတ် ယာယီနည်းပြတစ်ဦး ခန့်အပ်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ တကာခြေစမ်းပွဲ ငါးပွဲ ယှဉ်ပြိုင် ကစားခဲ့ပြီး နှစ်ပွဲသရေ၊ သုံးပွဲရှုံးနိမ့် ခဲ့သည်။ ၂၀၂၂ ခုနှစ် မေလတွင် ဟောင်ကောင်အသင်းနှင့် ဂိုးမရှိ သရေ၊ ဘာရိန်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ စက်တင်ဘာတွင် ဟောင်ကောင် အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲကစား ရာ ပထမပွဲတွင် နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး ဒုတိယပွဲတွင် ဂိုးမရှိ သရေကျခဲ့သည်။ ဒီဇင်ဘာတွင် ထိုင်းအသင်းနှင့် ခြေစမ်းပွဲကစား ရာ ခြောက်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။
ရဲရင့်လွင်