
နေပြည်တော် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ မြို့နယ် မြသုခအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်မှ အသင်းသားပြည်သူများအား စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်များ ထုတ်ပေးခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် က မြသုခအသင်းရုံးခန်း၌ ကျင်းပသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် အသင်းအမှုဆောင်များမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အသင်းသား ပြည်သူ ၁၄၁၉ ဦးအား စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၃၃၁၇၅၁၇၈၊ အစုပေါ်အမြတ်ငွေကျပ် ၁၇၀၂၈၀၀၊ စုစုပေါင်း ငွေကျပ် ၁၃၄၈၇၇၉၇၈ ကို လက်ဝယ်အရောက် ပေးအပ်ပြီး အသင်း၏ ငွေစုငွေချေးလုပ်ငန်းများ တိုးတက်အောင်မြင် ၍ အသင်းသားပြည်သူများ၏ အကျိုးခံစားခွင့်များ ရရှိကြောင်း သိရသည်။
သတင်းစဉ်