မသင်မနေရ မြန်မာ့ပညာရေး အောင်မြင်ပါမှ ...

Type

 

ဒေါက်တာ မောင်သင်း
 

 


“ပညာရေးသည် အခြားမဟုတ်၊  လူသား၏   ပင်ကိုအရည်အသွေး တိုးတက်ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးခြင်းပင်  ဖြစ်သည်။”        
 ရူးဆိုး (Rousseau)

ကျွန်တော်တို့       ယနေ့နိုင်ငံတော်အတွက် ကြိုးပမ်းနေကြသောအရာများသည် ကိုယ့်နိုင်ငံကို သူများ (ကမ္ဘာ့နိုင်ငံများ) နှင့်  တူတူတန်တန်နေနိုင်ရန်၊ မျက်နှာပွင့်နိုင်ရန်   ဖြစ်ပါသည်။    အထူးသဖြင့် အနာဂတ်     မျိုးဆက်သစ်များအတွက် ရည်ရွယ် မျှော်မှန်းပြီး    လုပ်ဆောင်နေခြင်း    ဖြစ်ပါသည်။ အဆိုပါ မျှော်မှန်းချက်ကို   အကောင်အထည်ဖော် သည့်နေရာမှာ  နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်း သာယာမှုတို့၏ အခြေခံအုတ်မြစ်သည် နိုင်ငံသား တစ်ဦးချင်းစီ၏  ပညာရည်မြင့်မားမှုအပေါ်    မူတည် နေသည်ဟုခံယူပြီး   ဆောင်ရွက်ရပါလိမ့်မည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင်လျှင် 
နိုင်ငံသားတိုင်းတွင် မဖြစ်မနေ ရှိသင့်ရှိအပ်သော ဉာဏ်ပညာအရည်အသွေးမြင့်မားလေလေ တိုင်းပြည် အေးချမ်းလေလေ ဖြစ်ပါသည်။ တိုင်းပြည်ငြိမ်းချမ်း ပါမှ ဖွံ့ဖြိုးမှုကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည်။ ထို့ကြောင့်     တိုင်းပြည်     ဖွံ့ဖြိုးတိုးတက်ချင်လျှင် နိုင်ငံသားများ၏ ပညာရည်မြင့်မားမှုကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု    ခံယူပြီး       ပညာရေးကို အကောင်အထည်ဖော်ရပါလိမ့်မည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ၁၉၄၆ ခုနှစ် တွင် “ပညာရေးစနစ်စုံစမ်းမှု” ကို ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါကော်မတီ၏ အစီရင်ခံစာတွင် အခမဲ့ မသင်မနေရ မူလတန်းပညာရေးနှင့်ပတ်သက်ပြီး ယခုလို အကြံပြုဖော်ပြခဲ့ပါသည် - 
(က) ခြောက်နှစ်မှ ဆယ်နှစ်အထိ  ယောကျ်ား လေး၊ မိန်းကလေးအားလုံးအတွက် အခမဲ့ မူလတန်း   မသင်မနေရ    စနစ်တစ်ခုကို ချက်ချင်းစတင် စီမံဆောင်ရွက်ရန်၊ 
(ခ) မသင်မနေရလုပ်ငန်းအတွက် ပိုမိုကုန်ကျ မည့် စရိတ်ကြေးငွေကို     ဗဟိုအစိုးရနှင့် ဆိုင်ရာ ဒေသန္တရတို့က မျှ၍ဆောင်ရွက်ကြ ရန်ဟု   ပါရှိပါသည်။ 
ငွေကုန်သလောက် အကျိုးရှိသည့်စနစ်
ထိုအစီရင်ခံစာ၌ ၁၉၂၅ - ၂၆ က အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ပညာရေးအစီရင်ခံစာကို ကိုးကား ဖော်ပြထားသည်လည်း ပါဝင်ပါသည်။ ယင်းမှာ “မသင်မနေရ စနစ်သည် ငွေကုန်သလောက် အကျိုး ရှိသဖြင့်    အချိန်အခါ   ကောင်းသည့်တိုင်အောင် စောင့်ဆိုင်းနေနိုင်သော       အပိုစနစ်မဟုတ်၊ သို့အတွက် ဤစနစ်ကို စတင်ဆောင်ရွက်ရန် အမြန် ဆုံးနှင့် အများဆုံး ကြိုးစားလုပ်ဆောင်ကြရမည်” ဟူ၍ ဖြစ်ပါသည်။ 
ထို့အတူ “ငွေမလောက်ခြင်းကို အကြောင်းပြ၍ လက်မှိုင်ငေးနေရန် မသင့်ကြောင်း” ဟုလည်း ဖော်ပြထားပါသည်။  တကယ်တော့    ဒေါက်တာ ဘမော်၏ ပါတီမဲဆွယ်စည်းရုံးစဉ်ကာလ (၁၉၄၀ ပြည့်နှစ်မတိုင်မီ)တွင် မသင်မနေရ မူလတန်း ပညာ ရေးကို အကောင်အထည်ဖော်မည်ဟု ပါရှိခဲ့ပါသည်။ သို့သော်လည်း လွတ်လပ်ရေးရပြီးနောက် စုစုပေါင်း နှစ်  ၇၀ ကျော်ကြာသည်အထိ အကောင်အထည်ပေါ် မလာခဲ့ပါ။ ယနေ့ အောင်မြင်အောင် ကြိုးပမ်းရမည့် ကာလရောက်ပြီဟု မြင်မိပါသည်။
ဖိုးသုညတွေနှင့် နိုင်ငံတည်ဆောက်၍မရနိုင် 
ပါလီမန်    ဒီမိုကရေစီအစိုးရ    လက်ထက်တွင် ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် ဦးနု၏ လူ့စွမ်းအား အရင်းအမြစ်နှင့်  ပတ်သက်သည့်   ထင်ရှားသည့် စကားမှာ “ဖိုးသုညတွေနှင့် နိုင်ငံတည်ဆောက်၍ မရနိုင်” ဟူ၍ ဖြစ်ပါသည်။     ကိုလိုနီဆိုးမွေနှင့် ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့်   စာမတတ်သူ ၆၅  ရာခိုင်နှုန်းကျော်ရှိသည်ကို      လျော့နည်းစေလို၍ “လူထုပညာရေးစီမံကိန်း” ကို ချမှတ်ခဲ့သော်လည်း ထိုအချိန်က  နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ပေ။   မဆလခေတ်တွင် စာတတ် မြောက်သူ   ၇၈ ဒသမ ၆ ရာခိုင်နှုန်းသို့   တိုးမြှင့် နိုင်ခဲ့သော်လည်း မသင်မနေရ    အခြေခံပညာရေးကို   အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိပေ။ ဆောင်းပါး အစတွင် ညွှန်းထားသည့် အတွေးအခေါ်  ပညာရှင် ကြီး  ရူးဆိုး(Rousseau) ပြောသကဲ့သို့ “လူသား၏  ပင်ကိုအရည်အသွေး တိုးတက်ဖွံ့ဖြိုးသူများ” နိုင်ငံ အနှံ့   ရှိစေလို၍   ပညာရေးကို     တိုင်းပြည်မငြိမ် မသက်ဖြစ်နေသည့်ကြားက အကောင်အထည်ဖော် ခဲ့ခြင်း  ဖြစ်ပါလိမ့်မည်။ 
မသင်မနေရ ပညာရေးအဆင့်ကို   ပြီးမြောက် သွားလျှင် နိုင်ငံသားကောင်းတစ်ဦးတွင် ရှိသင့်ရှိအပ် သော “ပညာရေးအခြေခံ” များကို ဖြည့်ပေးနိုင်လိမ့် မည်။ အဆိုပါ ပညာအခြေခံရှိပါမှ  လူ့အဖွဲ့အစည်း ကောင်းကျိုးများနှင့်   ဖွံ့ဖြိုးမှု၊    ငြိမ်းချမ်းမှုတို့ကို သယ်ပိုးနိုင်မည်ဖြစ်၍     ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ မူလတန်းအဆင့်ပညာရေးကို နိုင်ငံသားတိုင်း   ပြီးမြောက်စေရန်    ရည်ရွယ်ပြီး အကောင်အထည်ဖော်    ဆောင်ရွက်ခဲ့ကြပါသည်။ နိုင်ငံတကာ၏ ရည်မှန်းချက်နှင့်အညီ ကျွန်တော်တို့ လည်း အမီလိုက်နိုင်ရန်အတွက်   ၁၉၄၆    ခုနစ် ကတည်းက   ရည်မှန်းချက်ထားခဲ့ပြီး    ထိုအချိန် ကတည်းက   အစိုးရကို   အကြံပြုခဲ့ကြပါသည်။ သို့သော်လည်း အထက်မှာ  ပြောခဲ့သလို လွတ်လပ် ရေးရပြီးနောက်     အကြောင်းအမျိုးမျိုးကြောင့် ပြည့်ပြည့်ဝဝ အကောင်အထည်မပေါ်လာခဲ့ပါ။
နိုင်ငံအသီးသီး၏ အခြေခံပညာရေး
ရည်မှန်းချက်နှစ်ချက်
ယနေ့  ၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ မသင်မနေရ အခြေခံပညာရေး    အကောင်အထည် ဖော်ရခြင်းကို အဓိက ရည်မှန်းချက် နှစ်ချက်ထား ရှိပြီး ဆောင်ရွက်နေကြပါသည်။ 
(၁)     မိမိ၊ မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် အလုပ် ခွင်တို့တွင်     ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများကို  စနစ်တကျ   ရင်ဆိုင် ဖြေရှင်းပေးရာတွင်    အထောက်အကူ ဖြစ်မည့်    စာပေတတ်မြောက်မှု (အရေး၊ အဖတ်၊ အတွက်နှင့် အခြေခံဝိဇ္ဇာ၊  သိပ္ပံ ပညာရပ်များ)နှင့်  လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် ပြည်သူပြည်သားကောင်း များ မွေးထုတ်ပေးရန်၊ 
(၂)    ဘဝတစ်လျှောက်      စဉ်ဆက်မပြတ် လေ့လာပညာသင်ယူရေး   (Formal   Education နှင့် Informal Education တို့ကို ဆက်စပ်နိုင်ရေး)အတွက်   ပညာ အခြေခံအုတ်မြစ်များ  ချထားပေးရန်တို့ ဖြစ်ပါသည်။ 
အထက်ပါ အရည်အသွေးများကို ပိုင်ဆိုင်ထားပြီ ဆိုလျှင် လူသားတစ်ဦးစီတွင် - 
(၁) လူနေမှုအဆင့်အတန်း      ပိုမိုမြင့်မားလာ စေရန်          လက်ရှိအခြေအနေမှန်များနှင့်   လျော်ညီစွာ ကြိုးပမ်းအားထုတ်နိုင်စွမ်းရှိစေခြင်း၊ 
(၂) အသိပညာနှင့်   နားလည်သဘောပေါက်မှု စွမ်းရည်မြင့်မားစေခြင်း၊ 
(၃) စိတ်ဓာတ်နှင့်    အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းစေခြင်း၊ 
(၄) စူးစမ်းလေ့လာလိုစိတ်ပွားများခြင်း၊ 
(၅) ကိုယ်ကျင့်တရားခိုင်မာမှုကို တန်ဖိုးထားခြင်း၊ 
(၆) အမြင်ကျယ်ခြင်းနှင့်  ရှေ့ရေးကို    ကြိုတင် မြော်မြင်တတ်ခြင်း၊ 
(၇) အစပျိုး တီထွင်ဆောင်ရွက်တတ်ခြင်း - (Initiative Ability) ဥပမာ- ဒေသတွင်းရှိ အခြားသူများ လူမှုစီးပွားဆုတ်ယုတ်နေချိန် တွင် သမားရိုးကျလမ်းဟောင်းမှ   ဖယ်ခွာ၍ သမ္မာအာဇီဝကျစွာ နည်းလမ်းသစ်များကို ရှာကြံ၍ စီးပွားရှာနိုင်ခြင်း၊ 
(၈) လိုအပ်လျှင်  အလုပ်ကို   ပြင်းပြင်းထန်ထန် လုပ်ဆောင်နိုင်စွမ်းရှိခြင်း၊ 
(၉)    အခြားအဖွဲ့အစည်းများနှင့်   ပူးပေါင်း၍ ဘုံရည်မှန်းချက်အတွက် ရပ်ရွာအကျိုး၊ အဖွဲ့အစည်းအကျိုးတို့ကို  ဆောင်ရွက်နိုင် စွမ်းရှိခြင်းတို့  ဖြစ်ပါသည်။
မသင်မနေရပညာရေးဆိုသည် 
မသင်မနေရ     ပညာရေးဆိုသည်မှာ    စာရေး၊ စာဖတ်သက်သက်နှင့်       ပြဋ္ဌာန်းဖတ်စာအုပ်ပါ အကြောင်းအရာများလောက်သာ   သိဖို့၊   တတ်ဖို့၊ သင်ဖို့ မဟုတ်ပါ။ ဖတ်စာအုပ်ပါ အကြောင်းအရာ များကို   တတ်မြောက်မှုနှင့်အပြိုင်     တွေးတတ်၊ ခေါ်တတ်၊   မြော်မြင်တတ်ပြီး   လူသားတိုင်းတွင် ပိုင်ဆိုင်ရမည့် အနိမ့်ဆုံး ဉာဏ်ရည်ဉာဏ်သွေးများ ကို ပိုင်ဆိုင်သွားအောင် လေ့ကျင့်ခြင်းပင်ဖြစ်ပါသည်။ လေ့ကျင့်ချိန်ပိုရလေလေ  အရည်အသွေး ပိုမိုခိုင်မာ လေလေဖြစ်ပါသည်။ ယနေ့ ကျွန်တော်တို့နိုင်ငံလို စာမေးပွဲရလဒ်အတွက်  “၏” “သည်” “၍” မလွဲ လောက်အောင်ကို ပြန်အန်ချရုံ သင်ပေးခြင်းသည် မသင်မနေရ ပညာရေး၏ ပန်းတိုင်မဟုတ်ကြောင်း အထူး သတိပြုသင့်ပါသည်။
ယနေ့အခါတွင် နိုင်ငံတကာပညာရေး၏ အမြင် နှင့် မျှော်မှန်းချက်တို့သည်လည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတကာတွင် ဒုတိယကမ္ဘာစစ်အပြီး ကာလ၏ ရည်မှန်းချက်မှာ  နိုင်ငံပြန်လည်ထူထောင် နိုင်ရေးပင် ဖြစ်ပါသည်။    ထိုအချိန်တွင် နိုင်ငံတည် ထောင်ရန် အများဆုံး လိုအပ်မှုသည် ကာယစွမ်းအား စု ဖြစ်ပါသည်။ ယနေ့ခေတ်၏   ရည်မှန်းချက်မှာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါသည်။ 
ဖွံ့ဖြိုးရန်အတွက်   နည်းပညာ     စွမ်းအား  သို့မဟုတ် ဉာဏစွမ်းအားစုတို့ဖြင့်   အကောင် အထည်ဖော်ရမည့်ခေတ်ကို    ရောက်ရှိနေပြီဖြစ်ပါ သည်။ သို့ပါ၍ နိုင်ငံသားတစ်ယောက်၏ အနိမ့်ဆုံး ရှိရမည့် ပညာအခြေခံသည်   မြင့်မားလာခဲ့သလို ပညာရှင်ကြီး  ရူးဆိုး  ဖွင့်ဆိုခဲ့သည့် “လူသား၏ ပင်ကိုအရည်အသွေးဖွံ့ဖြိုးမှု” အဆင့် တစ်ခုဆီ ရောက်ရှိအောင် လေ့ကျင့်ပေးရမည့် ကာလသည် လည်း   ခေတ်ကိုလိုက်ပြီး   ပြောင်းလဲခဲ့ပါသည်။ 
ကမ္ဘာ့နိုင်ငံအလိုက် မသင်မနေရပညာသင်နှစ်များ
ယူနက်စကို၏ ၂၀၁၆ ခုနစ်တွင် ထုတ်ဝေသော Global Education Digest မှာ ဖော်ပြထားသည့် ကမ္ဘာ့နိုင်ငံအသီးသီး၏ မသင်မနေရ အခြေခံပညာ ရေးနှင့် ပတ်သက်ပြီး သင်ကြားရန် လိုအပ်သည့် စုစုပေါင်း   နှစ်အရေအတွက်ကို   ကိုးကားဖော်ပြ လိုက်ပါသည်။
၁။   အနောက်ဥရောပနိုင်ငံများ
စဉ်    နိုင်ငံ            စုစုပေါင်းကာလ (နှစ်)
၁။    အဂလန်            ၁၂ နှစ်
၂။    ပြင်သစ်            ၁၁ နှစ်
၃။    ဂျာမနီ            ၁၂ နှစ်
၄။    ဒိန်းမတ်            ၁၀ နှစ်
၅။    ဘယ်လ်ဂျီယံ        ၁၃ နှစ်
၆။    ဖင်လန်            ၁၀ နှစ်
၇။    ဂရိ            ၁၀ နှစ်
၈။    နယ်သာလန်        ၁၃ နှစ်
၉။    နော်ဝေ            ၁၁ နှစ်
၁၀။    စပိန်            ၁၁ နှစ်
၁၁။    ဆွစ်ဇာလန်          ၉ နှစ်
၁၂။    ဆွီဒင်            ၁၀ နှစ်
၂။  အာရပ်နှင့် အနီးတစ်ဝိုက်နိုင်ငံများ
စဉ်    နိုင်ငံ             စုစုပေါင်းကာလ (နှစ်)
၁။    အီဂျစ်              ၉ နှစ်
၂။    အီရတ်              ၆ နှစ်
၃။    ဂျော်ဒန်            ၁၀ နှစ်
၄။    ကူဝိတ်                        ၉ နှစ်
၅။    လစ်ဗျား              ၉ နှစ်
၆။    ဆော်ဒီအာရေဗီးယား      ၆ နှစ်
၇။    လက်ဘနွန်          ၉ နှစ်
၈။    ဆီးရီးယား          ၉ နှစ်
၉။    တူနီးရှား              ၉ နှစ်
၁၀။    အီရန်              ၈ နှစ်
၁၁။    အစ္စရေး            ၁၁ နှစ်
၃။  အလယ်နှင့် အရှေ့ဥရောပနိုင်ငံများ
စဉ်    နိုင်ငံများ            စုစုပေါင်းကာလ (နှစ်)
၁။    အယ်ဘေးနီးယား          ၉ နှစ်
၂။    ဘူဂေးရီးယား          ၈ နှစ်
၃။    ချက်သမ္မတနိုင်ငံ        ၁၀ နှစ်
၄။     ဆလိုဗက်ကီးယား          ၉ နှစ်
၅။    တူကီယဲ              ၈ နှစ်
၆။    ယူကရိန်း            ၁၁ နှစ်
၇။    ခရိုအေရှား         ၈ နှစ်
၈။    ဟန်ဂေရီ            ၁၀ နှစ်
၉။    ပိုလန်             ၉ နှစ်
၁၀။    ရုရှား            ၁၀ နှစ်
၁၁။    ရိုမေးနီးယား        ၁၀ နှစ်
၄။  အလယ်ပိုင်းအာရှနိုင်ငံများ
စဉ်    နိုင်ငံ             စုစုပေါင်းကာလ (နှစ်)
၁။    ဂျော်ဂျီယာ          ၉ နှစ်
၂။    အာမေးနီးယား          ၉ နှစ်
၃။    မွန်ဂိုလီးယား          ၉ နှစ်
၄။    အဇာဘိုင်ဂျန်        ၁၁ နှစ်
၅။    ဥဇဘက်ကစ္စတန်        ၁၂ နှစ်
၅။  မြောက်အမေရိကနိုင်ငံများ
စဉ်    နိုင်ငံ            စုစုပေါင်းကာလ (နှစ်)
၁။    ကနေဒါ            ၁၁ နှစ်
၂။    အမေရိကန်ပြည်ထောင်စု    ၁၂ နှစ်
၆။  အာရှနိုင်ငံများ
စဉ်    နိုင်ငံ             စုစုပေါင်းကာလ (နှစ်)
၁။    အိန္ဒိယ             ၉ နှစ်
၂။    ပါကစ္စတန်         ၅ နှစ်
၃။    သီရိလင်္ကာ         ၉ နှစ်
၄။    တရုတ်             ၉ နှစ်
၅။    အင်ဒိုနီးရှား         ၉ နှစ်
၆။    ဂျပန်             ၉ နှစ်
၇။    ထိုင်း             ၉ နှစ်
၈။    တောင်ကိုရီးယား         ၉ နှစ်
၉။    ဖိလစ်ပိုင်             ၆ နှစ်
၁၀။    မလေးရှား             ၆ နှစ်
၁၁။    ဘရူနိုင်း             ၉ နှစ်
၁၂။    စင်ကာပူ             ၆ နှစ်
၁၃။    ဗီယက်နမ်             ၉ နှစ်
၁၄။    ဟောင်ကောင်                    ၉ နှစ်
၁၅။    မြန်မာ             ၅ နှစ်
၁၆။    လာအို             ၅ နှစ်
၁၇။    ဘဂလားဒေ့ရှ်          ၅ နှစ်
၇။  ပစိဖိတ်ဒေသတွင်းနိုင်ငံများ
စဉ်    နိုင်ငံ             စုစုပေါင်းကာလ (နှစ်)
၁။    ဩစတြေးလျ        ၁၁ နှစ်
၂။    နယူးဇီလန်        ၁၂ နှစ်
၃။    ဖီဂျီ            ၁၀ နှစ်
၈။   လက်တင်အမေရိကနိုင်ငံများ
စဉ်    နိုင်ငံ             စုစုပေါင်းကာလ (နှစ်)
၁။    မက္ကဆီကို            ၁၁ နှစ်
၂။    ဘရာဇီး                     ၉ နှစ်
၃။    ပါရာဂွေးလ်          ၉ နှစ်
၄။    ကျူးဘား              ၉ နှစ်
၅။    ပီရူး            ၁၂ နှစ်
၆။    ပနားမား              ၉ နှစ်
၇။    အာဂျင်တီးနား        ၁၃ နှစ်
၈။    ချီလီ            ၁၂ နှစ်
၉။    ဥရုဂွေး                         ၆ နှစ်
၁၀။    ဘိုလီးဗီးယား         ၈ နှစ်
၉။  အာဖရိကနိုင်ငံများ
စဉ်    နိုင်ငံ            စုစုပေါင်းကာလ (နှစ်)
၁။    ကင်မရွန်း              ၆ နှစ်
၂။    ကွန်ဂို            ၁၀ နှစ်
၃။    မာလီ              ၉ နှစ်
၄။    ကင်ညာ              ၈ နှစ်
၅။    တောင်အာဖရိက          ၉ နှစ်
၆။    ယူဂန္ဓာ              ၇ နှစ်
၇။    ဇင်ဘာဘွေ          ၇ နှစ်
၈။    ဂါနာ            ၁၁ နှစ်
၉။    မာလာဝီ              ၈ နှစ်
၁၀။    မိုဇမ်ဘစ်              ၇ နှစ်
အထက်ပါ    ဇယားကိုးခုတွင်       ကမ္ဘာ့နိုင်ငံ အသီးသီးရှိ     မသင်မနေရ     ပညာရေးအဆင့်ကို မြောက်အမေရိက၊ အနောက်ဥရောပနိုင်ငံများတွင် အနည်းဆုံး   ၁၀ နှစ်ကြာ    (တချို့နိုင်ငံ ၁၃ နှစ်) သင်ယူရပါသည်။    အရှေ့ဥရောပနိုင်ငံများတွင် ပျှမ်းမျှ ကိုးနှစ်ကြာ     သင်ကြားပေးနေပါသည်။ အာဖရိကနိုင်ငံများတွင် ပျှမ်းမျှရှစ်နှစ် အချိန်ယူ ရပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံများတွင် ပါကစ္စတန်၊ လာအို၊ ဘဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ တို့တွင်သာ ငါးနှစ်  ဖြစ်ပါသည်။ အိမ်နီးနားချင်း အားလုံးလိုလို မသင်မနေရ   ပညာရေးကို ကိုးနှစ် ကြာ သင်ကြားပေးနေကြပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏   မသင်မနေရ   မူလတန်းအဆင့် သင်တန်းကာလသည်      လက်ရှိအခြေအနေတွင် ငါးနှစ်သာ ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးချင်းစီတွင် ရှိရမည့် အနိမ့်ဆုံးအခြေခံပညာအရည်အချင်းများ မခိုင်မာလျှင် ဘဂလားဒေ့ရှ်နှင့် လာအိုတို့ကဲ့သို့ ဖွံ့ဖြိုးမှုနှုန်းနှေးသည့်စာရင်းတွင် ပါဝင်နေပေလိမ့်မည်။ 
မသင်မနေရပညာရေး အုတ်မြစ်ခိုင်မာရမည်
ပညာရေးစီမံခန့်ခွဲမှု    ကောင်းခြင်းနှင့်အတူ ပညာရေးအဆောက်အအုံ၏ “မသင်မနေရ ပညာ ရေး” ဆိုသည့် အုတ်မြစ်လည်း    ခိုင်မာရပါမည်။ မြင့်နေရပါမည်။ မြင့်မားနေရန်အတွက် လုံလောက် သော ပညာသင်ကြားရေးကာလနှင့် အဆင့်လိုအပ်ပါ သည်။ မြောက်အမေရိက၊ အနောက်ဥရောပ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊  ဩစတြေးလျနှင့် စင်ကာပူ နိုင်ငံတို့ ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်းမှာ သူတို့နိုင်ငံသား တိုင်းသည် တောင့်တင်းခိုင်မာသည့် အခြေခံပညာ ရေးကို မသင်မနေရ သင်ယူခဲ့ကြ၍ ဖြစ်ပါသည်။ 
လက်ရှိ ကျွန်တော်တို့၏ မသင်မနေရ ပညာရေး ကာလငါးနှစ်သည်    ပတ်ဝန်းကျင်    နိုင်ငံများ၏ သင်ကြားရေးလေ့ကျင့်ချိန်၏ တစ်ဝက်သာသာပင် ရှိပြီး မူလတန်းအဆင့်တွင်လည်း   ရှိပါသေးသည်။ သူများက မူလတန်းထက်မြင့်သော အလယ်တန်း အဆင့်ဖြစ်ပါသည်။   ကျွန်တော်တို့က   နှုန်းနှစ်ဆ မြန်လျှင်တောင် သူတို့နှင့်အဆင့်တူလောက်သာရှိပါ သေးသည်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတစ်ခုတွင် “မိမိတို့အစိုးရ အနေဖြင့် KG+9 အခြေခံပညာအလယ်တန်းအထိ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိရေးနှင့် အောင်မြင်စေရေးကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း” ကြားသိရ၍ အထူးပင် ဝမ်းသာမိပါသည်။ ပုံမှန်အတိုင်း မြန်မာ့ ပညာရေး  သွားနေခဲ့လျှင် သူများနောက်မှာ အမြဲ တစ်ဝက်ကျန်နေမှာကိုသိ၍      ထိုသို့မဖြစ်စေရန် အတွက် ကြိုးပမ်းမှုဟု  မြင်မိပါသည်။ 
အချိန်မတန်  ကျောင်းထွက်နေသည့် 
ပညာရေးအဟောသိကံဖြစ်မှု
ထို့အပြင် အနိမ့်ဆုံး  အိမ်နီးနားချင်းအပါအဝင် အာရှနိုင်ငံများနှင့် တန်းတူအဆင့်တွင် ကျွန်တော်တို့ ပညာရေးရပ်တည်နိုင်အောင်လို့လည်း ဖြစ်ပါလိမ့် မည်။ မသင်မနေရကာလမြင့်မားအောင် ကြိုးပမ်း နေဆဲတွင် ၂၀၁၆ ခုနှစ် Global Education Digest ၌ မြန်မာနိုင်ငံသည် ကျောင်းထွက်မှု အများဆုံးနိုင်ငံ စာရင်းတွင်    ပါဝင်နေသည့်    အချက်ကိုလည်း လျစ်လျူရှု၍   မရပေ။     ထိုနှုန်းကျသွားအောင် လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အချိန်မတန်  ကျောင်းထွက်နေ သည့် ပညာရေးအဟောသိကံဖြစ်မှု  အပေါက်ကြီး (Dropout Rate) ကို အားလုံး (အစိုးရ၊    ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်သိပြည်သူများ) ဝိုင်းဝန်းပြီး ပိတ်ရန် လိုအပ်မည်ဖြစ်ပါသည်။ 
 မသင်မနေရ KG+9 အခြေခံပညာ အလယ်တန်း အဆင့်ကို   မဖြစ်မနေ   အောင်မြင်စေရန်အတွက် မြန်မာ့မြေပေါ်တွင် တစ်ချိန်က “အသုံးလုံး၊ စာတတ် မြောက်ရေးလုပ်ငန်း” မှာ အောင်မြင်စွာ ကျင့်သုံး ခဲ့ပြီး ယနေ့တိုင် ယူနီဆက်ဖ်(UNICEF) ၏ တစ်နှစ် အောက် ကမ္ဘာ့ကလေးငယ်များ ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းမှာ သုံးစွဲနေဆဲဖြစ်သော “မြန်မာ့ ပညာရေး ကဝိဆရာကြီး ဦးသံဗျင် စတင်အသုံးပြုခဲ့ သည့် “လူထုပါဝင်လှုပ်ရှားမှုနည်း” ဖြင့် အကောင် အထည်ဖော်ပေးကြပါရန်    တိုက်တွန်းလိုက်ရပါ သည်။      ။