
နေပြည်တော် မေ ၁၉
ရန်ကုန်မြို့ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း တွင် Onlineဖြင့် ဖွင့်လှစ်ခဲ့သည့် UN Conventions, Laws & Policies Awareness သင်တန်း၊ သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင် ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာ နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
တိုက်တွန်းပြောကြား
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည် ဌာန၏ရည်ရွယ်ချက် ပြည့်မီ စေရန် အထောက်အကူပြုသည့် သင်တန်းဖြစ်ပါ ကြောင်း၊ ယခုသင်တန်းတွင် UNCRC, UNCEDAW, UNCRPD နှင့် နောက်ဆက်တွဲ Protocols များ၊ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်းဥပဒေ များ၊ မူဝါဒများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ASEAN Declaration on Strengthening Social Protection ဆိုင်ရာ ဘာသာရပ်များကို လေ့လာ သင်ယူခဲ့ရသဖြင့် မြေပြင်တွင် ပြည်သူလူထုနှင့် ထိတွေ့ပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်နေသူများဖြစ်သည့်အတွက် သင်တန်းမှ ရရှိသည့် အသိပညာ၊ ဗဟုသုတများအား လက်တွေ့ လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် ဝန်ထမ်းကောင်း များ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ရန်ပုံငွေကျပ် ၃ ဘီလီယံဖြင့် ဆောင် ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခြင်းအစီအစဉ်ကို ဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပသည်။
အကျိုးရှိစွာ ထောက်ပံ့နိုင်ရေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် ၃ ဘီလီယံကို အရင်းမပျောက် မတည်ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါကြောင်း၊ မတ်၂၃ ရက်တွင် ကျင်းပခဲ့ သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး (၁/၂၀၂၂) တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် ၃ ဘီလီယံကို အရင်းမပျောက်စေဘဲ မသန်စွမ်း သူများအတွက် အကျိုးရှိသည့် လုပ်ငန်းများ ဆောင် ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ် ချက်အရ ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ ရန်ပုံငွေကျပ် ၃ ဘီလီယံကို အရင်းမပျောက် စေဘဲ တိုးပွားနိုင်မည့် နည်းလမ်းများ ဝိုင်းဝန်း ဆွေးနွေးအကြံပြုစေရေး၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများနှင့် မသန်စွမ်း အဖွဲ့အစည်းများအား အကျိုးရှိစွာအသုံးပြု ထောက်ပံ့နိုင်ရေးတို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လုပ်ငန်းစီမံချက်နှင့် စံလုပ်ငန်း အစီအစဉ် ရေးဆွဲဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ထို့နောက် အစည်းအဝေး တက်ရောက်လာသူ များက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် ၃ ဘီလီယံကို အရင်းမပျောက်မတည် ငွေအဖြစ် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေရေး နှင့် မသန်စွမ်းသူများကို အကျိုးရှိစွာကူညီထောက်ပံ့ ပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်