မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းစည်းဝေး

 

နေပြည်တော်   ဩဂုတ်   ၅


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်သော ကြိုတင် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 


အစည်းအဝေးတွင်       ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပထမလှိုင်းနှင့် ဒုတိယလှိုင်းများတွင် ဝန်ကြီးဌာနအနေဖြင့်    မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ၊    ကျန်းမာရေးသုံးအကာအကွယ် ပစ္စည်းများနှင့်      အခြေခံစားသောက်ကုန်များ  ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု တတိယလှိုင်းကာလတွင် လည်း   ဆက်လက်ထောက်ပံ့မှုများ   ဆောင်ရွက် ပေးနေသော်လည်း မသန်စွမ်းသူများအတွက် လိုအပ် ချက်များ   ပိုမိုဖြစ်ပေါ်နေသည်ကို   ကြားသိရပါ ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ ရောဂါဖြစ်ပွားပါက   ရောဂါခံစားရသူနှင့်  ၎င်း၏ မိသားစုများကို ထောက်ပံ့မှုပေးနိုင်ရေး အစီအမံများ ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်  ဖြစ်ပါ ကြောင်း။

 


ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ ပြည်သူ၊ ပရဟိတအဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့်  မသန်စွမ်းသူများနှင့် သက်ဆိုင်သော အဖွဲ့အစည်းများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်သော ထောက်ပံ့ ခြင်းနှင့် ပိုမိုကောင်းမွန်သော ရလဒ်များကို ဖြစ်ပေါ် စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မသန်စွမ်းသူများနှင့် ဆက်စပ်သည့် အဖွဲ့အစည်း များနှင့် အဆက်အသွယ်များရယူကာ လိုအပ်ချက် များကို    ဖြည့်ဆည်းပေးနိုင်ရေး   အလေးထား ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက်   ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊     ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ      လုပ်ငန်းကော်မတီ   အစည်းအဝေး (၂/၂၀၂၀)   ဆုံးဖြတ်ချက်များအပေါ်   ဆောင်ရွက် ထားရှိမှု၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊   ညွှန်ကြားရေး မှူးချုပ် ဦးနေဝင်းက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြု ညှိနှိုင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်