မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ ဆရာမများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်    ဧပြီ   ၂၀


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ရန်ကုန်တွင် ဖွင့်လှစ်ပို့ချသည့် နွေရာသီကျောင်းပိတ်ရက် တစ်လသင်တန်းဖြစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ ဆရာမများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ  အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
 

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့်    တာဝန်ရှိသူများ  တက်ရောက်ပြီး  သက်ဆိုင်ရာ   တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး များ၊   မသန်စွမ်းသင်တန်းကျောင်းများမှ ကျောင်းအုပ် များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်း သူများက အွန်လိုင်းမှတစ်ဆင့်  တက်ရောက်ခဲ့ကြ သည်။

 


ကျွမ်းကျင်မှုနှင့် အရည်အသွေးရှိရန်


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက   မိမိတို့ ဝန်ကြီးဌာနအနေဖြင့်     အထူးလိုအပ်ချက်ရှိသော ကလေးများကို လေ့ကျင့်သင်ကြားပေးရန်   ရန်ကုန် မြို့နှင့်  မန္တလေးမြို့များတွင်  မသန်စွမ်းသက်ငယ် သင်တန်းကျောင်းနှစ်ကျောင်းကို   ဖွင့်လှစ်ထားပါ ကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်မသန်စွမ်းကလေး များ၏   ဖွံ့ဖြိုးမှုနယ်ပယ်ငါးရပ်ဖြစ်သော  ရုပ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊       ဘာသာစကားနှင့် ဆက်သွယ်မှုပိုင်း၊   စိတ်ခံစားမှုပိုင်း၊  လူမှုဆက်ဆံရေး ပိုင်းများကို   လေ့ကျင့်သင်ကြားပေးသည့်အပြင် နေ့စဉ်လုပ်ငန်းဆောင်တာများကို    ကလေးများ ကိုယ်တိုင်လုပ်ကိုင်တတ်စေရန်  သင်ကြားပေးလျက် ရှိပါကြောင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများ ကို လေ့ကျင့်သင်ကြားပေးနေသော ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် အရည်အသွေးများသည်    အမှန် တကယ်  အရေးကြီးပါကြောင်း၊  ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများရရှိစေရန်၊  လူ့ စွမ်းအားအရင်းအမြစ်များ    မွေးထုတ်ပေးနိုင်ရန် အတွက် ယနေ့ဖွင့်လှစ်သော သင်တန်းသည် အမှန် တကယ် အကျိုးရှိပါကြောင်း၊ ယခု နွေရာသီကျောင်း ပိတ်ရက် တစ်လသင်တန်းသည်  မိမိတို့ ဝန်ကြီးဌာန ၏ ရည်ရွယ်ချက်များကို အောင်မြင်စေရန် ဆောင် ရွက်သင့်သည့်     သင်တန်းတစ်ခုဖြစ်ပါကြောင်း၊  မသန်စွမ်းကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို တာဝန်ယူဆောင်ရွက်ပေးနေကြသော ဆရာ ဆရာမ၊ ဝန်ထမ်းများအနေဖြင့်  ယခုသင်တန်းကို   အခွင့် အရေးတစ်ရပ်ကဲ့သို့ တန်ဖိုးထားမှတ်ယူပြီး ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်း      ပြောကြား သည်။    

 


အဆိုပါသင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၁၃ ရက် အထိ တစ်လတာ  ဖွင့်လှစ်မည်ဖြစ်ပြီး    သင်တန်းတွင်     မသန်စွမ်းသင်တန်းကျောင်းများနှင့်       မူလတန်းကြို ကျောင်းများမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။

 


မွန်းလွဲပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်  ထိုးနှံနိုင်ရေးအတွက် ကျန်ရှိဒေသများ တွင် အစုအဖွဲ့များဖြင့် ဆောင်ရွက်သွားမည့် အစီ အစဉ်နှင့်ပတ်သက်၍   စေတနာ့ဝန်ထမ်းများနှင့် ညှိနှိုင်းအစည်းအဝေးကို   ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊     ဖိတ်ကြားထားသော တိုင်းဒေသကြီးလေးခုမှ        တိုင်းဦးစီးမှူးများနှင့် စေတနာ့ဝန်ထမ်း ၄၀ တို့က Virtual ဖြင့် တက်ရောက် ကြသည်။ 

 


ရာနှုန်းပြည့်ဆေးထိုးနှံနိုင်ရေး


အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးရှိ သတ်မှတ် အသက်အရွယ် ဦးတည်အုပ်စုများအလိုက် သတ်မှတ် အကြိမ်ပြည့် ဆေးထိုးနှံနိုင်ရေးလုပ်ငန်းစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီလကုန်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး  ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံ လုံးရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ ပူးပေါင်း ပါဝင်ကူညီခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ အားလုံး ကိုလည်း နိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား အထူးပင် အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မိမိဒေသများရှိ မိဘညီအစ်ကိုမောင်နှမများ၊ ပြည်သူ များ   အသက်ရှင်သန်ရေးနှင့်     ကပ်ရောဂါဆိုးမှ ခံနိုင်ရည်ရှိစွာ   ကျော်လွှားနိုင်ရေးအတွက်ဆိုသည့် စိတ်ထားဖြင့် ရာနှုန်းပြည့် ဆေးထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ အားဖြည့်ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

 


ယင်းနောက် တိုင်းဒေသကြီးလေးခုမှ   လူမှု ဝန်ထမ်းဦးစီးမှူးများ၊   စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီး တွင် လုပ်ဆောင်နေမှု၊ အားသာချက်/ အားနည်းချက် များနှင့်  လိုအပ်ချက်များကို   တင်ပြဆွေးနွေးခဲ့ကြ ပြီး ပြည်ထောင်စုဝန်ကြီးနှင့်   တာဝန်ရှိသူများက  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း  သိရ သည်။      

       
 သတင်းစဉ်