MSMEs ပြန်လည်မြှင့်တင်ရေးစိတ်ကူးများမှသည် . . .

Type
5

 

မိုးကေနိုင်

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်ကမ္ဘာကြီးတွင် လူသားများ၏ လိုအပ်ချက် ကလည်း  ကြီးမားလာနေသည်။   ကိုဗစ်ကပ်နှင့်  ကမ္ဘာ့ပဋိပက္ခဂယက်များက နိုင်ငံ တိုင်းတွင် စီးပွားရေးပိုမိုခိုင်မာအားကောင်းရန် လိုအပ်ချက်များစွာ ရှိလာနေကြောင်း ကို  အချက်အလက်များက ပြသနေသည်။ 


နိုင်ငံအချို့တွင်            စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုနှင့်အတူ စီးပွားရေး မူဝါဒအပြောင်းအလဲများ    မဖြစ်မနေ ပြုလုပ်လာကြရသည်။  ကုန်ပစ္စည်းအမျိုး အမည်အပေါ် မူတည်၍ ထုတ်လုပ်နိုင် စွမ်း၊ ဝယ်လိုစွမ်းအားများ ပြောင်းလဲလာ နေသည်။ ပြိုင်ဆိုင်မှုများ ပြင်းထန်နေချိန်၊ အကျပ်အတည်းကာလ ရောက်လာချိန် တွင်  သမားရိုးကျစဉ်းစား၍မရ၊   တီထွင် ဆန်းသစ်မှုများ   ပြုလုပ်ရမြဲဖြစ်သည်။ သို့မှသာ နိုင်ငံတကာစီးပွားရေးလောက ထဲ ဝင်ဆံ့နိုင်မည်ဖြစ်သည်။ သို့မှသာ မိမိ ပြည်သူများ၏    လူမှုစီးပွားဘဝလိုအပ် ချက်များစွာကို     ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာမှုအတွက်လည်း အာမခံ နိုင်မည်ဖြစ်သည်။ 


စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး     ဆင်းရဲမှု ပပျောက်ရေး ဦးတည်ချက်များအောက် က MSMEs 


နိုင်ငံတစ်နိုင်ငံ၏       စီးပွားရေး တိုးတက်မှုအခြေအနေသည်       ပြည်ပ တင်ပို့မှု၊ တင်သွင်းမှု မျှတမှုအပေါ်များစွာ တည်မီသည်။   တင်ပို့မှု၊   တင်သွင်းမှု ကွာဟချက်   တစ်နည်း   သွင်းကုန်က ပို့ကုန်ထက်          များပြားလွန်းလျှင် တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ    မြင်ရမည်။ ကျေးလက်ဒေသနေ       တိုင်းပြည်၏ ထုတ်လုပ်မှုအင်အားစုက ၇၀ ရာခိုင်နှုန်း ခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက် သစ်တောသယံဇာတပေါများ ကြွယ်ဝသော     မိမိတို့မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏ   များပြားနေ ခြင်းသည် လက်ခံနိုင်စရာတစ်ခုမဟုတ် တော့ပါ။   သို့သော်    အရေးကြီးကိစ္စရပ် များစွာနှင့်အတူ  ပြုပြင်ပြောင်းလဲမှုများ ဖြင့်        ယခုလိုအခြေအနေများတွင် နိုင်ငံတော်အစိုးရအနေဖြင့်  ရှေ့လုပ်ငန်း စဉ်များ၊   စီးပွားရေးဦးတည်ချက်များ၊ ဆက်စပ်စီးပွားရေးမူဝါဒများ ချမှတ်ပြီး အရှိန်အဟုန်ဖြင့်    ကြိုးပမ်းဆောင်ရွက် သည့် လက္ခဏာများစွာကို တွေ့မြင်လာရ သည်မှာ  အားတက်ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ 


   မြန်မာ့လူ့အဖွဲ့အစည်း၏  လူမှုဘဝ အများစုသည်   ၉၉   ရာခိုင်နှုန်းခန့်သော အသေးစား၊   အလတ်စားနှင့်  အငယ်စား စီးပွားရေးလုပ်ငန်း  အများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွား ရေးယန္တရားတွင် အဓိကမောင်းနှင်အား တစ်ခုလည်းဖြစ်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏  ရှေ့လုပ်ငန်းစဉ် များတွင် ပြည်သူများ၏ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထား ပြီး   ပြည်သူဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်း များဖြင့်     စားရေရိက္ခာဖူလုံရန်နှင့် တိုင်းပြည်       သာယာဝပြောရေးကို အားသွန်ကြိုးပမ်း     ဆောင်ရွက်မည့် လုပ်ငန်းစဉ်တစ်ရပ်ကို သတိထားမိသည်။ 


ထိုအချက်သည်   နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုဦးတည် ချက်အောင်မြင်ရန်  သွင်းကုန်အစားထိုး ပြီး   ပို့ကုန်ကဏ္ဍကို   မြှင့်တင်သွားမည့် သန္နိဋ္ဌာန်တစ်ခု  ချမှတ်ထားသည့်အပြင် ကိုယ့်ဒေသ၊ ကိုယ့်ထွက်ကုန် ကုန်ကြမ်း များကို ပို့ကုန်အ‌ခြေပြုကုန်ထုတ်လုပ်မှု အခြေခံသည့်  အသေးစား၊   အငယ်စားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) များအဖြစ် ဖွံ့ဖြိုးတိုးတက်လာ အောင်ဆောင်ရွက်သွားမည့်   ဦးတည် ချက်များဖြစ်နေသည်ကိုလည်း    တွေ့ရ သည်။ 


MSMEs    ဖွံ့ဖြိုးရေးရည်ရွယ်ချက် များကို      ရေရှည်အာမခံချက်ရှိရန်နှင့် ကျွဲကူးရေပါဆိုသလို  အလုပ်အကိုင်အခွင့် အလမ်းများစွာ‌နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး   ဖော်ဆောင်ပေးနိုင်မည့် ဦးတည်ချက်များဖြစ်သည်။ ထို့အတွက် တိုင်းရင်းသားများပိုင် စိုက်ပျိုးမွေးမြူရေး ကို   အခြေခံသည့်   ထုတ်ကုန်အမြောက် အမြားကို   ခေတ်မီနည်းစနစ်များဖြင့် ထုတ်လုပ်ရန်   ဦးတည်ချက်ကို    တွေ့ရ သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက်များကို   လေ့လာပါက   ပြည်သူ တစ်ရပ်လုံး   စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြကျေးလက်ကွာဟမှု   လျော့ပါးကာ ဆင်းရဲမှုပပျောက်ရေးအတွက်    MSME လုပ်ငန်းများအပေါ်     များစွာအခြေပြု ထားသည်ကို တွက်ဆနိုင်သည်။ 


ကျစ်လျစ်ဖွဲ့စည်း၊ တိုးချဲ့စုစည်းမှုများဖြင့် လက်တွေ့ကျကျ လုပ်ငန်းသစ်များ 


လုပ်ငန်း     အမျိုးအစားအလိုက်၊ အသေး၊ အငယ်၊  အလတ်  အရွယ်အစား ပမာဏအလိုက်    ဝန်ထမ်းအင်အား  အနည်းဆုံး ၃ဝ အောက် တစ်ပိုင်တစ်နိုင်မှ အများဆုံးအင်အား  ၆ဝဝ  အထိ ပါဝင် လုပ်ကိုင်ကြသော MSMEs လုပ်ငန်းတွင် အမျိုးအစားခြောက်မျိုး၊ ကဏ္ဍအားဖြင့် လေးခုအထိ ခွဲခြားထားသည်။ ကုန်ထုတ် လုပ်မှု၊ လုပ်အားအခြေပြု       ထုတ်လုပ်မှု၊ လက်ကားရောင်းဝယ်ရေး၊    လက်လီ ရောင်းဝယ်ရေး၊   ဝန်ဆောင်မှုနှင့်  အခြား လုပ်ငန်းများဟူ၍   အမျိုးအစားကွဲပြား သလို ကဏ္ဍအားဖြင့်လည်း   ကုန်ထုတ် လုပ်မှုကဏ္ဍ၊     ရောင်းဝယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့်   တခြားလုပ်ငန်း ကဏ္ဍများအနက်   နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကအ‌ခြေ ပြုသည့်ပုံစံကို လေ့လာမိသည်။ 


နိုင်ငံတော်အစိုးရသည်    MSME လုပ်ငန်းများ ဖွံ့ဖြိုးမှုမြန်ဆန်သွက်လက် စေရန်အတွက် အသေးစား၊  အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး မှုမူဘောင်အောက်တွင်   ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီများကို ကျစ်ကျစ် လျစ်လျစ်ဖွဲ့စည်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ 


အဆိုပါကော်မတီနှစ်ခုက ဦးဆောင် ပြီး   မြန်မာနိုင်ငံတစ်ဝန်း   ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်   ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်    ပြည်နယ်အလိုက် MSME    ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့နှင့် လုပ်ငန်း သုံးသပ်မှု     အစီရင်ခံရေးအဖွဲ့များကို လိုအပ်ချက်အရ      ထပ်မံဖွဲ့စည်းပြီး    လက်တွေ့ကျကျအကောင်အထည်ဖော် လျက်ရှိသည်၊၊  ဖွဲ့စည်းရာတွင်  ဝန်ကြီး ဌာနအများစုပါဝင်သည်။     ညီနောင် အသင်းများဖြစ်သည့်       မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ ကွန်ပျူတာအသင်း ချုပ်၊  ဘဏ်များအသင်း၊ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း၊ အမျိုး သမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း များမှ တာဝန်ရှိသူများကိုပါ ဖွဲ့စည်းပါဝင် နိုင်အောင်        စီမံဆောင်ရွက်ထားသည်။

 MSMEs development agency အနေ ဖြင့်မူ ဈေးရောင်းပွဲတော်နှင့်    ကုန်စည် ပြပွဲများကျင်းပပေးပြီး နိုင်ငံတော်အဆင့်  ဆုများချီးမြှင့်ခြင်း၊ Business matching များကျင်းပခြင်း၊ MSMEs    ဝန်ထမ်းများ အရည်အသွေးမြှင့်တင်မှု သင်တန်းများ ကျင်းပခြင်း၊  ငွေကြေးနှင့်သက်ဆိုင်သော  အထောက်အကူများပေးခြင်း၊ MSMEs မှတ်ပုံတင်များ ပြုလုပ်ပေးခြင်း၊ အတိုင် ပင်ခံဝန်ဆောင်မှုများပေးခြင်း  စသည့် လုပ်ငန်းများဆောင်ရွက်ပေးရန် တာဝန် ယူရသည်။ ယင်းလုပ်ငန်းများအားလုံး သည် ယခုကာလတွင်   ပီပီပြင်ပြင်ဆောင် ရွက်မည့် Agency ၏ အဓိကအထောက် အကူပြုလုပ်ငန်းများပင်ဖြစ်သည်။   


လိုအပ်ချက်များ၊ အားနည်းချက်များ


MSME အခြေခံစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဟူသည်   နိုင်ငံ၏စက်မှု ကဏ္ဍနှင့်လည်း ဘက်ညီရသည်။ စက်မှု လယ်ယာအဖြစ်   ပီပီပြင်ပြင်  အသွင် ပြောင်းနိုင်ခြင်းသည်ပင် MSME လုပ်ငန်း များကို တွန်းအားပေးရာရောက်သည်။ စက်မှုအခြေခံသည့်  စိုက်ပျိုး‌မွေးမြူရေး လုပ်ငန်းများကသာ   မိမိတို့၏လယ်ယာ ထုတ်ကုန်များကို   တန်ဖိုးမြှင့်ရာရောက် မည်ဖြစ်ပြီး တန်ဖိုးမြင့်စားသောက်ကုန် များအဖြစ် စားရေရိက္ခာဘေးကင်းလုံခြုံ ရေးနှင့် ပြည်တွင်းဈေးကွက်ချဲ့ထွင်ရန် လိုအပ်ချက်များ၊    သွင်းကုန်အစားထိုး ပြည်ပပို့ကုန်အမည်စုံ တိုးမြှင့်တင်ပို့ရန် လိုအပ်ချက်များစွာကို    ဖြည့်ဆည်းရာ ရောက်မည်ဖြစ်သည်။ ထို့ပြင် မိမိဒေသ ထွက်ကုန်များ    အရည်အသွေးပြည့်မီ ရန်နှင့်      ဈေးကွက်လိုအပ်ချက်များ ကိုက်ညီရန်အတွက် ထုတ်ကုန်ဒီဇိုင်းနှင့် ထုတ်လုပ်မှုအဆင့်ဆင့်တွင် Research and development သုတေသနပြုချက် များစွာ ပြုလုပ်ရန်လိုအပ်သည်။ 
အစဉ်ပြောင်းလဲနေသည့် Market- ing   analysis    ဈေးကွက်ကိုလည်း သုတေသနပြုနေရမည်     ဖြစ်သည်။  သုတေသန        ရလဒ်များနှင့်အညီ ထုတ်ကုန်အမည်သစ်များကို ဆန်းသစ် တီထွင်ထုတ်လုပ်နေရမည်။    ဆန်းသစ် သော   အရောင်းမြှင့်တင်ရေး  အစီအစဉ် များကို   စဉ်းစားထားရန်   လိုအပ်မည်။ နည်းပညာသစ်များကို အစဉ်လေ့လာပြီး ထပ်မံတိုးချဲ့နေရန်လိုအပ်မည်ဟု ယူဆ သည်။        


ဈေးကွက်၊ နည်းပညာနှင့် ငွေကြေး အရင်းအနှီးဟူသည် မည်သည့်စီးပွားရေး လုပ်ငန်းတွင်မဆို ရေရှည်အောင်မြင်မှု၏ မဏ္ဍိုင်သုံးရပ်အဖြစ် တင်စားကြသည်။ လုပ်ငန်းနယ်ပယ်၊ လုပ်ငန်းအမျိုးအစား အလိုက်   လူသားစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး‌ရေးသည် ပို၍အခရာကျလှသည်။


အမှန်တကယ်      တတ်မြောက်သည့် အရည်အချင်းရှိ လုပ်သားဝန်ထမ်းများ ဖြစ်လာရန်နှင့်        စဉ်ဆက်မပြတ်လေ့ကျင့် ပျိုးထောင်ပေးရန်အတွက်     လက်တွေ့ လုပ်ငန်းခွင်နှင့်  ကိုက်ညီမည့်  ပညာရပ် ဆိုင်ရာကျွမ်းကျင်မှု    အသက်မွေးဝမ်း ကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုပါ လိုက်ပါဆောင်ရွက် ပေးနေရမည်။ သို့မှသာ လုပ်သားများ၏ ထုတ်လုပ်မှုစွမ်းရည်နှင့်  ယှဉ်ပြိုင်နိုင်စွမ်း များ တိုးတက်လာမည်ဖြစ်သည်။ 


ထို့ပြင် MSME ကဏ္ဍ အောင်မြင်မှု တွင်  အရေးကြီးဆုံးအခြေခံအဆောက် အအုံဖြစ်သည့်  လောင်စာစွမ်းအင်ကဏ္ဍ နှင့်အတူ   ကြီးမြင့်လာသည့်   သယ်ယူ ပို့ဆောင်မှုစရိတ်ကလည်း  လွှမ်းမိုးသော အရာတစ်ခုဖြစ်နေသည်။ ရလဒ်အနေဖြင့် ထုတ်လုပ်မှုစရိတ်    ကြီးမြင့်ခြင်းနှင့် ဈေးကွက်ဝေစုလျော့နည်းခြင်းက  ခေတ် အဆက်ဆက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ရပ်တည်မြဲဖြစ်သည်။ 


ယခုကာလ       ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်လာမည့်အခြေအနေများ 


ယနေ့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  တာဝန်ယူရသည့်ကာလ တွင်မူ အထက်ပါလိုအပ်ချက်၊ အားနည်း ချက်များကို ဆန်းစစ်လေ့လာ၍ MSMEs များ၏ တိုးတက်မှုဆီ ရှေးရှုသည့် ပြုပြင် ပြောင်းလဲမှု အတော်များများရှိလာနေပြီ ဟု ယူဆမိသည်။ လုပ်ငန်းကို လက်တွေ့ ကျကျ    အကောင်အထည်ဖော်နိုင်မည့်    အဖွဲ့သုံးခု           ထပ်မံဖွဲ့စည်းထားရှိ ခြင်းဖြင့်   လုပ်ငန်းများ    ပို၍ထိရောက် အောင်မြင်လာမည်ဟု    သုံးသပ်သည်။ ‌အေဂျင်စီက တာဝန်ယူမည့်လုပ်ငန်းများ အနက် Business  matching ကြောင့်  နှစ်ဦးနှစ်ဖက်ကုမ္ပဏီများ၊ လုပ်ငန်းရှင် များ၊ လက်လီလက်ကားရောင်းချသူများ အနေဖြင့်         ထူထောင်ထားရှိသော ဆက်သွယ်ရေး       လမ်းကြောင်းများမှ တစ်ဆင့်    အကျိုးရှိစေမည့်   တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊          သတင်း အချက်အလက်ကွန်ရက်များ ရှိလာခြင်း၊ လွတ်လပ်စွာ  မေးမြန်းဖြေကြားခြင်းများ ကို    အလွယ်တကူ   ပြုလုပ်လာနိုင်တော့ မည်ဖြစ်သည်။ 


ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေ သည့်စီးပွားရေး    ပြန်လည်နာလန်ထူ မြှင့်တင်နိုင်ရန်   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန   အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုရန်ပုံငွေက  နိုင်ငံစီးပွားမြှင့်တင်ရေးသီးသန့်ရန်ပုံငွေ ကျပ် ဘီလီယံ  ၄ဝဝ ကို ထူထောင်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊   မြစိမ်း ရောင်စီမံကိန်း  ဆောင်ရွက်သည့်   တိုင်း ဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများထံ    လိုအပ်ချက်အလိုက် ပြန်လည်ခွဲဝေလွှဲအပ်ပေးနိုင်ခဲ့သည်။ 


MSMEs ဖွံ့ဖြိုးရေးရန်ပုံငွေကိုလည်း နိုင်ငံတော်က      ထောက်ပံ့ပေးသော ငွေကျပ် ဘီလီယံ ၁၇ဝ ဖြင့်   ထူထောင်ပြီး ဖြစ်သည်။ ယင်းရန်ပုံငွေမှာ လုပ်ငန်းရှင် များအား ချေးငွေချေးပေးရုံသက်သက် မဟုတ်ဘဲ    နည်းပညာကဏ္ဍဆိုင်ရာ အခြေပြု သက်မွေးပညာကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းများ  ဖွင့်လှစ်ခြင်း၊ MSMEs စွမ်းဆောင်ရည်ဆုချီးမြှင့်ခြင်း၊ ထုတ်ကုန်ပြပွဲပြိုင်ပွဲများနှင့်   အသိပညာ ပေးစကားဝိုင်းများ       ကျင်းပရာတွင် သင့်လျော်သလို  ထုတ်ယူသုံးစွဲသွားရန် ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်များတွင် MSMEs   ဘာသာရပ်များ  ထည့်သွင်း သင်ကြားရန် စီစဉ်နေပြီဟုလည်း    သိရ သည်၊၊ 


တွေ့ဆုံဖြေလျှော့မှုများမှသည် 


ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှ စ၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSMEs   လုပ်ငန်းရှင်များနှင့်   တွေ့ဆုံ သည်များ ရှိခဲ့သည်။ တွေ့ဆုံမှုတိုင်းတွင် လုပ်ငန်းရှင်များ      စိတ်ဝင်စားသည်က တိုင်းပြည်စီးပွားရေးကို      မည်ကဲ့သို့ မြှင့်တင်ကြမလဲ၊   သွင်းကုန်အစားထိုး နိုင်ရန်၊   ပို့ကုန်များများ  တင်ပို့နိုင်ရန် အတွက်     လိုအပ်သည့်ချေးငွေကဏ္ဍ   ထိရောက်ရန်အရေးများက  အဓိကဖြစ်ခဲ့ ပြီး လုပ်ငန်းရှင်များ   တင်ပြသောအချက် များကိုလည်း   တစ်ဆင့်ချင်းအကောင် အထည်ဖော်ရန် အပြန်အလှန်‌ဖြေလျှော့ မှုများ ရှိခဲ့ကြသည်၊၊ 


ကိုဗစ်ကာလကတည်းက  ချေးထား သည့်ချေးငွေများ     ပြန်ဆပ်ကာလ သက်တမ်းတိုးပေးရန်၊ အတိုးနှုန်းလျှော့ ချပေးရန်၊   လမ်းခရီးတွင်   တရားမဝင် ပေးဆောင်ရသော ငွေကြေးကောက်ခံမှု များအပါအဝင်     အခွန်လျှော့ချပေးရန် တောင်းဆိုမှုများအပေါ်    လိုက်လျော ကတိပေးမှုများ   ရှိခဲ့ကြောင်းလည်း ကြားသိရသည်။       သတ်မှတ်ကာလ အတွင်း ချေးငွေများပြန်ဆပ်ရန်အရေးမှာ  လုပ်ငန်းရှင်များဘက်က   တာဝန်ယူမှု များအပေါ်     လိုအပ်ချက်များကိုလည်း ထောက်ပြခဲ့ကြသည်။        အ‌‌ရေးကြီးဆုံး လိုအပ်ချက်များတွင်    လျှပ်စစ်ကဏ္ဍ လိုအပ်ချက်က အဓိကဖြစ်ပြီး ရေအား လျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား       ထုတ်လုပ်ခြင်းမှ ဖြည့်ဆည်းရန် ကြိုးပမ်းဆောင်ရွက်နေ ကြောင်းလည်း သိရသည်။ 


MSME တွင် နည်းပညာပိုင်း ပံ့ပိုးပေး ရန်နှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် e- ID မှ e- government စနစ်ဆီကြိုးစား      လျှောက်လှမ်းနေသည်မှာ    လက်တွေ့ ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့်  ဆောင်ရွက်ရသည့်      အပိုင်းများတွင် ဈေးကွက်သုတေသန၊        ထုတ်လုပ်မှု၊ ဒေသအလိုက် စံချိန်စံညွှန်းသတ်မှတ်နိုင် မှု၊ ဆွဲဆောင်မှုအားကောင်းကောင်းဖြင့် ဈေးကွက်ကိုမြှင့်တင်ပြီး ကျယ်ပြန့်သော ဒေသများအထိ       ဈေးကွက်ရှာဖွေမှု၊ ကုန်သွယ်ငွေလွှဲအပိုင်းများတွင်     e- government စနစ်ထဲ အလိုအလျောက် ပါဝင်သွားမည်ဆိုသော    သတင်းစကား များလည်း ကြားသိ‌နေရသည်။ အွန်လိုင်း မှတ်ပုံတင်စနစ်ပီပြင်လာလျှင် ငွေကြေး အရင်းအနှီးထောက်ပံ့ခြင်း၊       အခွန် သက်သာခွင့်များ     ဆောင်ရွက်ခြင်းများ တွင် ထိရောက်သောရယူခံစားခွင့် အခွင့် အလမ်းများ အလွယ်တကူရရှိလာတော့ မည်ဟု ယူဆရသည်။ ထို့ပြင် တိုင်းဒေသ ကြီး၊ ပြည်နယ်အားလုံး ချိတ်ဆက်ဆောင် ရွက်မှုအားကောင်းစေမည့် ဆက်သွယ် ရေးစနစ်များ၊   သယ်ယူပို့ဆောင်ရေး    နည်းလမ်းများကိုလည်း        စဉ်းစား ဆောင်ရွက်နေကြောင်း သိရပြန်သည်၊၊


မည်သို့ပင်ဆိုစေ     နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချက် ဟူသမျှ အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်း  ဆောင်ရွက်နေရခြင်းဖြစ်သည်ကို   သိရှိ နားလည်ကြသည်။   အနည်းဆုံးသော သွင်းအားစုနှင့်အတူ    အကောင်းဆုံး ဖြစ်ရမည်ဟူသော efficiency သဘော တရားအပေါ်အခြေခံသည့်    ထိုက်သင့် သောတိုးတက်မှုများ ရရှိလာနေကြောင်း လည်း သုံးသပ်မှုများ ရှိနေသည်။ ခိုင်မာ သောမူဝါဒများနှင့်အတူ အမှန်တကယ် အရည်အသွေးမီ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပသွင်းကုန် များ  လျှော့ချအစားထိုးနိုင်မည်မှာ သေချာ သည့်အပြင်    ပြည်ပသို့လည်း ယခုထက်   ပိုမိုတင်ပို့လာနိုင်တော့မည်ဖြစ်သည်။ 
ဖွံ့ဖြိုးမှု  စိတ်ကူးစိတ်သန်းဟူသည် အမှန်တကယ်လက်တွေ့ဘဝများတွင် လက်တွေ့ကျကျ     အသုံးချနိုင်မှသာ စဉ်ဆက်မပြတ်တိုးတက်မှုကို    ရရှိမည် ဖြစ်သည်။    အရည်အသွေးကောင်းမွန် သည့်   စိုက်ပျိုးမွေးမြူရေးအခြေခံကုန် များကို စွမ်းဆောင်မြင့်မားယှဉ်ပြိုင်အားဖြင့်   တိုးတက်ထုတ်လုပ်နိုင်ရန်က    ပို၍ အဓိကကျသည်။   ယခုအခြေအနေကို လေ့လာ ပါက        နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေးကို အဓိကအားပေး အားမြှောက်ပြုနေသည်မှာ    ထင်ရှား သည်။    ဤသည်ကိုပင်   အခွင့်အလမ်း အဖြစ်မှတ်ယူ၍      ပြည်ပအကူအညီ အထောက်အပံ့အပေါ်  အလွန်အမင်းမှီခိုခဲ့ မှုများကို   ပြန်လည်လျှော့ချရပေမည်။  ရရှိပြီး၊   ရရှိဆဲသင်ခန်းစာနှင့်    အတွေ့ အကြုံကောင်းများကိုရယူကာ ပြည်တွင်း အားဖြင့်   ဆက်လက်ကြိုးစားကြရမည် ဖြစ်ကြောင်း   ရေးသားတင်ပြလိုက်ရပါ သည်။         ။