
၁။ နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုချဲ့ထွင်နိုင်ရေးတို့အတွက် လိုအပ်သည့် ငွေကြေး အရင်းအနှီးများ ရရှိစေရန် MSME ချေးငွေများကို ၂၀၁၂ ခုနှစ်မှ စတင်၍ ထုတ်ချေးပေးလျက်ရှိပါသည်။ MSME လုပ်ငန်း ရှင်များအနေဖြင့် အောက်ဖော်ပြပါ ချေးငွေအမျိုးအစားများကို သက်ဆိုင်ရာဘဏ်များသို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည် -
(က) JICA Two-Step Loan ချေးငွေ
ဆောင်ရွက်သည့်ဘဏ် - မြန်မာ့စီးပွားရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊
မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ယူနိုက်တက်အမရာ
ဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊
မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်
ချေးငွေသက်တမ်း - (၅)နှစ် (အများဆုံး)
ချေးငွေပမာဏ - ကျပ်သန်း ၅၀၀ (အများဆုံး)
အတိုးနှုန်း - ၅.၅% (မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင်) ၆% - ၁၀% (အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင်)
အပေါင်ပစ္စည်း - မရွှေ့ပြောင်းနိုင်သောပစ္စည်း(မြေနှင့် မြေပေါ်ရှိအဆောက်အဦ)၊
CGI အာမခံ
(ခ) MEB (MSME) ချေးငွေ
ဆောင်ရွက်သည့်ဘဏ် - မြန်မာ့စီးပွားရေးဘဏ်
ချေးငွေသက်တမ်း - (၅)နှစ် (အများဆုံး)
ချေးငွေပမာဏ - ကျပ်သန်း ၃၀၀ (အများဆုံး)
အတိုးနှုန်း - ၆.၅% (မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့်ချေးယူလျှင်)
၇%~၉% (အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင်)
၈.၅%-၁၁.၅% (အပေါင်ပစ္စည်းတွင် စက်ပစ္စည်း အာမခံ
ထည့်သွင်း ချေးယူလျှင်)
အပေါင်ပစ္စည်း - မရွှေ့ပြောင်းနိုင်သောပစ္စည်း(မြေနှင့်မြေပေါ်ရှိအဆောက်အဦ)၊
CGI အာမခံ၊ စက်ပစ္စည်း
၂။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ် များအနက် SMIDB (SME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင်(၄၅၆)ဦးသို့ ချေးငွေကျပ် (၂၀,၆၃၈)သန်း၊ JICA Two-Step Loan (MSME)ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင်(၂,၀၄၅)ဦးသို့ ချေးငွေကျပ် (၃၆၄,၅၃၄.၁၈)သန်းနှင့် MEB(MSME)ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် (၃၄၂)ဦးသို့ ချေးငွေကျပ် (၂၅,၉၇၇)သန်း ထုတ်ချေးပြီး ဖြစ်ပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ