
နေပြည်တော် အောက်တိုဘာ ၇
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေး အစီအစဉ်များကို တင်ဆက် လျက်ရှိရာ “မြသဇင်အငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ (၉) ရက်၊ စနေနေ့ ည (၈) နာရီ သတင်းအပြီးတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသ မည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို မြနန္ဒာမှ စီစဉ်ပြီး ရွှေပန်တျာဇော်လင်းထက် (ဆိုင်း) နှင့် စတားဗိုလ်လှိုင်း (မြန်မာ့အသံ ဆိုင်းဝိုင်းကြီး) တို့ ၏ တီးခတ်မှုနှင့်အတူ ခေါင်း ဆောင်မင်းသမီး သဇင်မင်း၊ ရှေ့ထွက်မင်းသမီး မြနန္ဒာ၊ လူရွှင်တော်များ ဖြစ်ကြသည့် လှိုင်ဘွား၊ ဂျယ်လီ၊ ဒင်္ဂါးနှင့် ကြယ်မင်းတို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို အောက် တိုဘာ (၁၃) ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်