
နေပြည်တော် ဇန်နဝါရီ ၄
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အစီအစဉ်ဆန်းသစ်မှုအဖြစ် MRTV သံစုံတီးဝိုင်း ဖျော်ဖြေပွဲကို ဇန်နဝါရီ ၆ ရက် သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
MRTV သံစုံတီးဝိုင်းအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ ဖြစ်ကြသည့် အိန္ဒြာမိုး၊ ရွှေဖြူ၊ သဒ္ဒါဖြူ၊ နန်းစန္ဒီ၊ မေထူးကျော်၊ စောဒယ်နီ ရယ်၊ မြနန္ဒာနှင့် ဖူးဧကရီဆောင်းတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး ထိုသို့တင်ဆက်မှုကို ဇန်နဝါရီ ၈ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ တွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်