မရမ်းကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်    ၂၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော   ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၃ နာရီက မရမ်းကုန်းမြို့နယ် (၉)ရပ်ကွက် ဂန္ဓမာလမ်းပေါ်တွင် ဗိုလ်ဗလ(ခ)ဗလ မောင်းနှင်ပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့်     SUCCEED အမျိုးအစား  မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ် ပေါ်မှ    စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀၀၀၀    သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီခွဲ တွင်    စိတ်ကြွရူးသွပ်ဆေးပြား များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ အောင်မင်းထွန်း (ခ)အောင်ကြီး အား လမ်းမတော် မြို့နယ် (၉)ရပ်ကွက် ဘိုးရာဇာ လမ်းရှိ နေအိမ်တွင်လည်းကောင်း၊ ဩဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲ တွင်  စိုင်းခေး(ခ)စိုင်းစံမီး အား တောင်ကြီးမြို့နယ်   အေးသာယာ မြို့ ရပ်ကွက်(၆)တွင်လည်းကောင်း အသီးသီး    ဖမ်းဆီးရမိခဲ့သဖြင့် ဗိုလ်ဗလ(ခ)ဗလ(၃၆)နှစ်၊ စိုင်းနော် ခမ်း(၃၆)နှစ်၊ အောင်မင်းထွန်း(ခ)အောင်ကြီး(၄၂)နှစ်နှင့် စိုင်းခေး (ခ)စိုင်းစံမီး    (၂၈)   နှစ်တို့အား  မူးယစ်ဆေးဝါးနှင့်       စိတ်ကို ပြောင်းလဲစေသော  ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်