မရမ်းကုန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် နေ့ချင်းပြီးထုတ်ပေး

 

ရန်ကုန် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများနှင့်  ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုးကို ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူး  ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင်  မရမ်းကုန်း မြို့နယ်အမှတ် (၅) ရပ်ကွက်ရှိ အိမ်ထောင်စု ၂၂စုကို ပန်းခင်းစီမံချက်ဖြင့်  ကွင်းဆင်းဆောင်ရွက်ပေးရာ ဝိဇ္ဇာလမ်းရှိ ဝိဇ္ဇာဓမ္မာရုံ၌ နိုင်ငံသားစိစစ်ရေးကတ် ၆- က အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၅ဦး ၊ ၃-ကဖြင့် အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၃၆ ဦး  စုစုပေါင်းဦးရေ ၁၄၁ ဦး နိုင်ငံသားစိစစ်ရေးကတ် နေ့ချင်း​ပြီး ထုတ် ပေးခဲ့ပြီးဖြစ်​​ကြောင်း  သိရ​သည်။
မရမ်းကုန်းမြို့နယ်ရှိ  ရပ်ကွက် ၁၀ ရပ်ကွက် အတွင်း   ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရန်လျာထားချက် လူဦးရေ ၁၆၂၀၇ဦးရှိသည့်အနက် လူဦးရေ ၁၄၂၈၄ ဦးပြုလုပ်​ ပေးခဲ့ပြီး ၈၈ ဒသမ ၁၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် သည့်အတွက်  မတ်လအကုန်တွင်  လျာထားချက် ရာခိုင်နှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)