MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ထွက်ခွာ

 

ကော့သောင်း  နို၀င်ဘာ ၇ 
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏  ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်    မြန်မာ အလုပ်သမားများ   စေလွှတ်ရေးလုပ်ငန်းစဉ်အရ နိုဝင်ဘာ ၆ ရက်က      ကော့သောင်းနယ်စပ်ဂိတ်မှ တစ်ဆင့်   မြန်မာအလုပ်သမား ၄၅ ဦး ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန်     ထွက်ခွာသွား ကြောင်း   သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပ အလုပ်အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီ တစ်ခုဖြစ်သည့် Shwe Sin Koe Pwint Co.,Ltd. မှ ထိုင်းနိုင်ငံရှိ Thai Muen Rung Co.,Ltd. သို့ အမျိုး သားအလုပ်သမား ၂၄ ဦးနှင့် အမျိုးသမီးအလုပ် သမား ၂၁ ဦး စုစုပေါင်းအလုပ်သမား ၄၅ ဦးကို နှစ်နှစ် စာချုပ်ဖြင့်    အလုပ်လုပ်ကိုင်နိုင်ရန်    တာဝန်ယူ ဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူ ခဲ့ပြီး ကော့သောင်းအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့   ပို့ဆောင် ပေးမည်ဖြစ်ရာ     သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား    ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ကော့သောင်းခရိုင် ရုံး     လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှု များဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့် ကုမ္ပဏီသို့   စနစ်တကျ    ပို့ဆောင်ပေးကြကြောင်း သိရသည်။                   
ကျော်စိုး(ကော့သောင်း)