မန်ယူအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် တိုက်စစ်ကစားသမား မားကပ်ရက်ဖို့ဒ် ချုပ်ဆို

 

အင်္ဂလန် တိုက်စစ်ကစားသမား မားကပ် ရက်ဖို့ဒ်သည်      တစ်ပတ်လုပ်ခ    ပေါင် ၃၂၅၀၀၀   နှင့်အတူ   ၂၀၂၈    ခုနှစ်အထိ မန်ယူအသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ 


အသက် ၂၅ နှစ်အရွယ် ရက်ဖို့ဒ်နှင့်  မန်ယူအသင်းတို့ ယခင်ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ   ၂၀၂၄   ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက်    စာချုပ် သစ်နှင့်ပတ်သက်ပြီး အချိန်အတန်ကြာ  ဆွေးနွေးခဲ့ရကြောင်း သိရသည်။ ရက်ဖို့ဒ် သည်  နည်းပြတန်ဟက် လက်ထက်တွင် ပုံမှန်ခြေစွမ်း       ပြသထားနိုင်ပြီး ပြီးခဲ့သည့်ရာသီ  ပြိုင်ပွဲစုံ  ၅၆  ပွဲ တွင်  ဂိုး  ၃၀  သွင်းယူပေးထား နိုင်သည်။ 


၎င်းသည်   ၂၀၁၆   ခုနှစ်တွင် မန်ယူအသင်းနှင့် ပွဲဦးထွက်ကစား ပြီးနောက် အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ်   ၃၅၉   ပွဲ  ပါဝင်ကစား ထားကာ ၁၂၃ ဂိုး သွင်းယူပေးထား သည်။   ထို့အပြင်   ရက်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်း ကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်  ကူညီ      ပေးထားနိုင်သည့်အပြင်  နယူးကာဆယ်အသင်းကို    အနိုင် ရရှိခဲ့သော  ကာရာဘောင်ဖလား ဗိုလ်လုပွဲတွင်လည်း     အသင်း အတွက်      သွင်းဂိုးရယူပေးထား နိုင်သူဖြစ်သည်။        

အောင်ဇော်