မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်အဖွဲ့များက သီးခြားမှာယူထားသည့် Sinopharm ကာကွယ်ဆေးများရောက်ရှိလာပါက ထိုးနှံနိုင်ရေးညှိနှိုင်း

မန္တလေး   ဩဂုတ်   ၈


မြန်မာနိုင်ငံ  တရုတ်ကုန်သည်များအသင်းမှတစ်ဆင့် မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့်  အဖွဲ့ များက    သီးခြားမှာယူထားသည့်    Sinopharm  ကာကွယ်ဆေးများရောက်ရှိလာပါက  ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


ဆွေးနွေး


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက    မန္တလေးယူနန်  ဗုဒ္ဓဘာသာဘုရား
ကျောင်းနှင့်အဖွဲ့များက  မှာယူထားသည့်  ကာကွယ် ဆေးများ   မန္တလေးမြို့တွင်    ထိုးနှံခွင့်ရရှိရေး 
တိုင်းဒေသကြီးအစိုးရ၏ဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်းဆွေးနွေးပြီး ဆေးဝါးများရောက်ရှိလာပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ ငွေကြေးမူဝါဒ  တိတိကျကျသတ်မှတ်ရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ    ဆောင်ရွက်ရေးများ လိုအပ်ကြောင်း၊ ငွေကြေးတတ်နိုင်သူများအတွက်ကိုယ်ထူကိုယ်ထ  ဆေးထိုးနိုင်ရေး   ဆောင်ရွက်ပေး ခြင်းဖြင့်    နိုင်ငံတော်မှ    စီစဉ်ပေးနေသော  အခမဲ့ ကာကွယ်ဆေးများကို    ဝန်ထမ်းများနှင့်  သာမန် ပြည်သူများကို   ပိုမိုထိုးပေးနိုင်ပြီး   ၎င်းတို့၏အသက်ကို       ကယ်တင်ပေးရာရောက်ကြောင်း၊ ရည်မှန်းချက်ကာလအမီ   ကာကွယ်ဆေးအားလုံး ထိုးနိုင်ရေးကို      အထောက်အကူပြုပါကြောင်း ဆွေးနွေးသည်။

 


အဆိုပါ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရန်ကုန်      တရုတ်ကုန်သည်ကြီးများအသင်းမှ 
တစ်ဆင့်  မှာယူ၍ ရောက်ရှိလာပါက မန္တလေးမြို့ရှိ ပြည်သူများကို လူမျိုး၊  ဘာသာမခွဲခြားဘဲ သတ်မှတ် နှုန်းထားဖြင့်  ထိုးနှံနိုင်ရေး  ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံလိုပါက လမ်း ၈၀၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ မန္တလေးယူနန်
ဗုဒ္ဓဘာသာဘုရားကျောင်း၊  လမ်း ၃၀၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ဖူကျန့်ဗုဒ္ဓဘာသာဘုရားကျောင်း၊  ၅၅ လမ်း၊ ၃၇ လမ်းနှင့် ၃၈လမ်းကြားရှိ အင်းဝ ကိုယ်ပိုင်ကျောင်းများသို့ ဆက်သွယ်နိုင်ကြောင်းနှင့်  ကာကွယ်ဆေးအတွက် ပြန်လည်ရရှိငွေမှ ပိုငွေများ ကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင်    လှူဒါန်းသွားမည်ဖြစ်ကြောင်း      သိရသည်။                                  

 

 

     သတင်းစဉ်