မန္တလေးတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ

 

မန္တလေး   အောက်တိုဘာ   ၄


မဟာအောင်မြေမြို့နယ်   မန္တလေးတက္ကသိုလ်၌   ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ သက်ပြည့်အငြိမ်းစားယူခဲ့သော အသက် ၇၀ ကျော် ဆရာကြီး၊ ဆရာမ ကြီးများအား မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   မန္တ‌လေးတက္ကသိုလ်   ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာတင်ထွန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားပြီး ကန်တော့ခံအငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား  ဩကာဿ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၃၁ ဦးအနက်  ၁၃ ဦးတက်ရောက်ကာ အကြောင်းအမျိုးအမျိုးကြောင့် မတက်ရောက်သည့် ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် ကန်တော့ခံပစ္စည်းများ    သွားရောက်ပူဇော်ကန်တော့ခဲ့ကြောင်း     သိရ သည်။  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပူဇော်ကန်တော့ပွဲတွင် အငြိမ်းစားဆရာကြီး တစ်ဦးက ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်တွင် ခင်းကျင်းပြသထား သည့် မှတ်တမ်းဓာတ်ပုံများပြသခဲ့ပြီး ပူဇော်ကန်တော့ပွဲသို့ မန္တလေး တက္ကသိုလ် ပါ‌မောက္ခချုပ် ဒေါက်တာတင်ထွန်း၊ ဒု-ပါ‌မောက္ခချုပ်ဆရာကြီး ဒေါက်တာ မောင်မောင်ဝင်း၊ ဒု-ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ နီနီအောင်၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံ  ဌာနမှူးများ၊ မန္တ‌လေးတက္ကသိုလ် ဆရာ ဆရာမများ၊‌ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ‌ကြောင်း သိရသည်။  

အောင်ဇော်မင်း